ဓာတ်ပုံ - မေတ္တာပန်းခင်း

၇.၅.၂၀၂၄
Written by TZ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မိုးလုံလေလုံအားကစားကွင်းအနီးရှိ ကောင်းနောင်လမ်းအဆင်းတွင် သဲချသည့်ယာဥ်မှ ဘရိတ်ပေါက်၍ နောက်ပြန်လိမ့်ကျရာက နေအိမ်၏ခြံအရှေ့၌ ကစားနေသည့် အသက်(၃)နှစ်အရွယ် ကလေးငယ်တစ်ဦး ဦးခေါင်းအကြိတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ မေလ ၇ ရက် နံနက် ၁၀ နာရီအချိန်တွင် သဲတင်ယာဥ်မှာ ကောင်းနောင်လမ်းအနီးတွင် သဲချပြီး ပြန်တက်နေစဥ် ယာဥ်မှာဘရိတ်ပေါက်၍ နောက်ပြန်လိမ့်ကျရာ နေအိမ်ရှေ့ကွန်ကရစ်လမ်းပေါ် ကစားနေသည့် ကလေးငယ်ကို ထိုသဲကားမှကြိတ်မိခဲ့ကြောင်း သိရသည်။

“သဲချပြီး ပြန်တက်လာတဲ့အချိန် ဘရိတ်ပေါက်ပြီးတော့ နောက်ပြန်လိမ့်ကျ​​တာ။ အဲဒီမှာ နေအိမ်ရှေ့မှာကစားနေတဲ့ကလေးကိုကြိတ်မိတာ။ အဲ့နေရာကို ရဲတွေတော့ရောက်လာတယ်။ ကားသမားကိုဖမ်းထားတယ်”ဟု မေတ္တာပန်းခင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ဖြေကြားသည်။

အဆိုပါ ကားကြိတ်ခံရမူကြောင့် သေဆုံးသည့် ကလေးငယ်၏မိဘများမှာ နေအိမ်တွင်မရှိဘဲ စျေးရောင်းထွက်နေကြောင်း သိရသည်။

ဓာတ်ပုံ – မေတ္တာပန်းခင်း

Leave a Reply

Your email address will not be published. Required fields are marked *