၇. ၅. ၂၀၂၄
Written by Nay Moe

ပေါင်းတည်မြို့နယ်၊ နွားခြံကုန်းကျေးရွာအုပ်ချုပ်ရေးမှူးဦးဝင်းလှိုင်ကို ပေါင်းတည် PDF တွေက သတ်ဖြတ်လိုက်တာကြောင့် မင်းလှ PDF အဖွဲ့ဝင် သုံးဦးကို အနက်ရောင်သေမင်းတမန်အဖွဲ့က လက်တုံ့ပြန် သတ်ဖြတ်လိုက်တယ်လို့ သတ်ဖြတ်ခံရတဲ့ မင်းလှ PDF သုံးယောက်ရဲ့ ရုပ်အလောင်းပုံတွေနဲ့ ထုတ်ပြန်ထားပါတယ်။

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်မှာ လူငယ်တွေကို စစ်သားအဖြစ် စုဆောင်းနေတယ်စွပ်စွဲပြီး နွားခြံကုန်းကျေးရွာအုပ်စုက လက်နက်မဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်ကို မေလ ၅ ရက် မွန်းလွဲ ၁ နာရီအချိန်မှာ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁ PPDF)တပ်ရင်း တပ်ခွဲ ၅(တောဘုရင်)အဖွဲ့က နေအိမ်အထိ သွားရောက်ပစ်ခတ် သတ်ဖြတ်မှု ကျုးလွန်ခဲ့တာဖြစ်ပြီး MT News က သတင်းဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း၊ PDF တပ်ရင်း(၃၆၀၁)၊ တပ်ခွဲ(၅)(တောဘုရင်)အဖွဲ့လို့ အမည်ခံထားတဲ့ အကြမ်းဖက်လူသတ်အဖွဲ့အစည်းဟာ နိုင်ငံ့တာဝန်ထမ်းဆောင်နေတဲ့ ပေါင်းတည်မြို့နယ်၊ နွားခြံကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို လက်နက်အားကိုး အကြောင်းအမျိုးမျိုးပြပြီး “ဒလန်”လို့ စွပ်စွဲကာ သတ်ဖြတ်တဲ့ ထုတ်ပြန်ချက်ကို မေလ ၆ ရက်နေ့မှာ အနက်ရောင်သေမင်းတမန်အဖွဲ့က ကြားသိရပြီးဖြစ်သလို တပ်ရင်း(၃၆၀၁)၊ တပ်ခွဲ(၅)(တောဘုရင်) အဖွဲ့လို့ အမည်ခံထားတဲ့ အကြမ်းဖက်တပ်ဖွဲ့ဟာ လက်နက်အားကိုးပြီး မတရားသဖြင့် အနိုင်ကျင့်သတ်ဖြတ်မှု ကျူးလွန်လာတာကြောင့် မင်းလှ PDF အဖွဲ့က အောင်မျိုးလင်း၊ ကျော်ဖြိုးလင်း၊ ကောင်းထက်ကျော်(ခ)ကောင်းကောင်းတို့ အကြမ်းဖက်လူသတ်သမား(၃)ဦးကို အနက်ရောင်သေမင်းတမာန်အဖွဲ့က ထိရောက်စွာ တန်ပြန်အပြစ်ပေးချေမှုန်းခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်အနိုင်ကျင့်သတ်ဖြတ်မှုတွေကို PDF တွေက ဆက်လက်ကျူးလွန်မယ်ဆို ကျူးလွန်မှုမှာ ပါဝင်ပတ် သက်သူတွေနဲ့ မိသားစုဝင်တွေအပြင် အကြမ်းဖက်မှုကို အားပေးထောက်ခံသူတွေကို ဆက်လက်ရှာဖွေဖော်ထုတ်ချေမှုန်းသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အနက်ရောင်သေမင်းတမန်အဖွဲ့ဟာ သွေးသောက်အဖွဲ့လိုမျိုး အဖွဲ့အစည်းဖြစ်ပြီး PDF တွေက ပြည်သူတွေ ဝန်ထမ်းတွေကို “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်လုပ်ဆောင်ပေးသူဆိုတဲ့ စွပ်စွဲမှုနဲ့ သတ်ဖြတ်နေကြတာတွေကို လက်တုံ့ပြန် ပြန်လည်သတ်ဖြတ်နေတဲ့အဖွဲ့အစည်းပါ။ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်ကလည်း လက်ပံတန်းမြို့နယ် အုတ်ဖိုစုကျေးရွာနားမှာ ပြည်သူတွေနဲ့ ဝန်ထမ်းတွေကို လက်နက်ကိုင်အနိုင်ကျင့်သတ်ဖြတ်နေတဲ့ သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂) တပ်ခွဲ (၄) က PDF ဗိုက်ကြီးကို လက်တုံ့ပြန် သတ်ဖြတ်ခဲ့ပါသေးတယ်။ အနက်ရောင်သေမင်းတမန်အဖွဲ့က ဧပြီ ၂၂ ရက်မှာ သတ်ဖြတ်လိုက်တဲ့သူဟာ သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂) တပ်ခွဲ (၄) က PDF ဗိုက်ကြီးဟုတ်မဟုတ် မေးမြန်းပေမဲ့ ပြန်လည်ဖြေကြားတာမရှိသလို မနေ့က သတ်ဖြတ်ခံရတဲ့သုံးဦးကလည်း မင်းလှ PDF အဖွဲ့က အောင်မျိုးလင်း၊ ကျော်ဖြိုးလင်း၊ ကောင်းထက်ကျော်(ခ)ကောင်းကောင်းတို့ကိုလည်း မင်းလှ PDF တွေဟုတ် မဟုတ် MT News က အတည်ပြုထားပြီး တုံ့ပြန်ဖြေဆိုလာရင် ဆက်လက်ဖော်ပြပေးပါမယ်။

ပဲခူးတိုင်းဟာ အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူတွေ အများအပြား သတ်ဖြတ်ခံရတဲ့တိုင်းတစ်ခုဖြစ်သလို နွေဦးတော်လှန်ရေးစတင်တဲ့အချိန်ကနေ ၂၀၂၄ ခုနှစ် ဧပြီလဆန်းအထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ဆရာဆရာမ အပါအဝင် နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်နဲ့ ကျောင်းသားကျောင်းသူတွေစတဲ့ ပြည်သူ ၈၀၀၀ ကျော်ဟာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NLD, NUG, PDF နဲ့ EAOs တို့ရဲ့ သတ်ဖြတ်မှု ခံထားရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *