ပေကျင်းမြို့ရှိ ဆေးဆိုင်တစ်ခုတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုမြင့်တက်လာခြင်းကြောင့် အဖျားပျောက်ဆေးများ လုံးဝရောင်းချရန် မကျန်တော့သည်ကို တွေ့ရစဉ်

၁၆. ၁၂. ၂၀၂၂
Translated by Htwe Ko Tun

ပေကျင်းမြို့ရှိ မီးသင်္ဂြိုလ်စက်များမှ အလုပ်သမားများက တရုတ်နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုများမြင့်တက်လာခဲ့မှုကြောင့် ၎င်းတို့၏ စက်များမှာ ရပ်နားချိန်မရ ဖြစ်နေကြရသည်ဟု ဒီဇင်ဘာလ ၁၆ ရက်တွင် ပြောခဲ့ကြသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ကိုဗစ်-၁၉ ရောဂါအတွက် တင်းကြပ်မှုစည်းမျဉ်းများကို လျှော့ချပေးခဲ့ပြီးနောက် တရုတ်နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်မှုများ ရုတ်ခြည်းပြန်လည်မြင့်တက်လာခဲ့ရာ ကျန်းမာရေးအာဏာပိုင်များက ယခုအခါတွင် ရောဂါဖြစ်ပွားမှုကို ခြေရာခံစာရင်းကောက်ရန် မလွယ်ကူတော့သည့်အထိ ဖြစ်လာနေကြောင်း ဝန်ခံပြောကြားခဲ့ကြသည်။

ပေကျင်းမြို့ရှိ မီးသင်္ဂြိုလ်စက်များဆိုလျှင် ကပ်ရောဂါကြောင့် သေဆုံးသူများပြားလာမှုကြောင့် ၂၄ နာရီပတ်လုံး လည်ပတ်နေရကာ အနားမရဖြစ်နေရကြသည်ဟု သိရသည်။ သို့သော် တရားဝင်ထုတ်ပြန်ချက်များအရမူ တရုတ်နိုင်ငံတွင် ဒီဇင်ဘာလ ၄ ရက်မှစ၍ ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ လုံးဝမရှိကြောင်းသိရသည်။

မီးသင်္ဂြိုလ်စက်ဝန်ထမ်းတစ်ဦးက ၎င်းတို့တွင် ဝန်ထမ်း ၆၀ ဦးရှိသည့်အနက် ၁၀ ဦးမှာ ကိုဗစ်-၁၉ ဗိုင်းရပ်ပိုးကူးစက်ခံထားရကြောင်း၊ စက်တစ်လုံးလျှင် တစ်နေ့ သေဆုံးသူအလောင်း ၂၀ ခန့် မီးသင်္ဂြိုလ်ပေးနေရပြီး အများစုမှာ သက်ကြီးရွယ်အိုများဖြစ်ကြကြောင်း ပြောခဲ့သည်။

တရုတ်နိုင်ငံ၏ ကိုဗစ်ရောဂါ ကူးစက်မှု နှိမ်နင်းကုသရေးဗဟိုအဖွဲ့က လာမည့်နှစ်သစ်ကူးနှင့် တရုတ်နှစ်သစ်အားလပ်ရက်များတွင် ကျေးလက်မြို့ရွာများသို့ ပြန်လာကြမည့်သူများကို စောင့်ကြည့်ကြီးကြပ်ရေးနှင့် ဆေးကုသရေးများတိုးမြှင့်လုပ်ဆောင်သွားရန် ဒေသခံအစိုးရများအား ဒီဇင်ဘာလ ၁၆ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။

Ref, Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *

Related News