၁၆. ၁၂.၂၀၂၂
Written By Naddy

ပရိသတ်အားပေးမူကို အခိုင်အမာရရှိထားတဲ့ အဆိုတော် အေသင်ချိုဆွေရဲ့ သြစတြေးလျနိုင်ငံမှာ ပထမဆုံးအကြိမ် “ဆုံစည်းရာည” ဂီတဖျော်ဖြေပွဲ လက်မှတ်တွေ ထပ်တိုးရောင်းချနေရသလို ပွဲသတ်မှတ်ထားတဲ့ အချိန်ထပ် ပိုတိုးဖျော်ဖြေမယ်လို့ သိရပါတယ်။

“မပျော်နိုင်တဲ့ ၂၀၂၂ ကို ခြွေချပြီး၂၀၂၃ နှစ်သစ်ကို အေသင်ရဲ့ သီချင်းတွေနဲ့ ကြိုဆိုကြရအောင်လား အမျိုးတို့။ လက်မှတ်တွေကို ထပ်တိုးထားပါတယ်။ ၅ နာရီခွဲမှာ ဝင်ခွင့်ပြု နေရာချပေးမှာ ဖြစ်ပါတယ်။ ရောက်လာတာနဲ့ အလုပ်ကပြန်လာသူများနဲ့ ဗိုက်ဆာသူများအတွက် အစားအစာ ရောင်းချပေးဖို့ စီစဉ်ထားပါတယ်။ အလုပ်နောက်ကျပြီး အစားမလောက်မှာကို မပူကြပါနဲ့။ ရှိုးပွဲစမှာက ၇ နာရီခွဲမှပါ။ ဒုတိယပိုင်း မစခင်မှာ အစားအစာတွေကို ဒုတိယအကြိမ် ပြန်လည်ရောင်းချပေးပါ့မယ်။ ရှိုးပွဲပြီးဆုံးမှာ Friday ညဖြစ်တာကြောင့် ည ၁၀ နာရီဆိုပေမယ့် ပရိတ်သတ်တောင်းဆိုတဲ့အတိုင်း အချိန်ကို တိုးချဲ့ပေးသွားမှာပါ။ မဆိုတာကြာတော့ နည်းနည်းတော့ စိတ်လှုပ်ရှားမိပေမယ့် ဘုရားသခင် အကောင်းဆုံး ပြင်ဆင်ထားပေးမယ်လို့ ယုံကြည်တယ်။ ပွဲလက်မှတ်ကို Walk in ရောက်မှ ဝယ်လို့လည်းရပါတယ်။ တံခါးစဖွင့်မှာက ၅နာရီခွဲပါ”လို့ အဆိုတော် အေသင်ချိုဆွေက ပြောပါတယ်။

သူမကတော့ Music show ကို ယနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့ ညပိုင်း ဩစတြေးစလျနိုင်ငံ Melbourne မြို့မှာ ညနေ ၅ နာရီခွဲကနေ ည ၁၀ နာရီအထိ အချိန်ပိုတိုးထားပြီး တေးသီချင်း အပုဒ်ရေ ၂၀ ခန့်သီဆိုဖို့ လျာထားကာ ပရိသတ် လိုက်ဆိုနိုင်ဖို့ “နှမြောမိတယ်” Lyric Video လေး YouTube မှာ တင်ပေးထားတာဖြစ်ပါတယ်။

ယခင်ကဖျော်ဖြေပွဲကို Meet & Greet ပုံစံမျိုး လူဦး‌ရေ အယောက် ၂၀၀ လောက်ပဲဆန့်မယ့် ပုံစံ စီစဥ်ထားသော်လည်း ယခုအခါ အရေအတွက် ထပ်တိုးထား‌ကြောင်း သိရပါတယ်။ ဘာပကာသနမှ သိပ်မပါတဲ့ ဖျော်ဖြေမယ့် ပွဲလေးဖြစ်ပါတယ်။ ဒီပွဲမှာတော့ ရိုးရိုး Music ပဲ သီဆိုမှာပါ။ လာမယ့် ၃ လ ပိုင်းမှာတော့ သေချာ Band ဝိုင်းနဲ့ ဆိုဖို့ လုပ်ဖို့ရှိပါတယ်”လို့ ၎င်းက ဆက်လက်ပြောပါတယ်။

၎င်းပွဲမှာတော့ မြန်မာအစားအစာတွေလည်း ရောင်းချပေးသွားမှာဖြစ်ပြီး ပွဲလက်မှတ်အနေဖြင့် ၃၅ ဒေါ်လာ၊ ၄၅ ဒေါ်လာ၊ ၅၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News