၄. ၅. ၂၀၂၄
Written by Nyein Kyaw

နိုင်ငံဝန်ထမ်းများ စစ်မှုထမ်းဆောင်ရမည်ဆိုခြင်းနှင့် စာရင်းများကောက်ခံနေပြီဆိုသော သတင်းများမှာ မှန်ကန်မှုမရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)က ယနေ့တွင် ပြန်လည်ဖြေကြားထားသည်။

ပြည်သူစစ်မှုထမ်းဥပဒေအရ နိုင်ငံ့ဝန်ထမ်းများ စစ်မှုထမ်းရန် စီစဉ်နေကြောင်းနှင့် လက်ရှိတွင် စာရင်းကောက်ခံနေပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်နေမှုအပေါ် မီဒီယာများက မေးမြန်းရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့က“အခြေအမြစ်မရှိသော သတင်းဖြစ်ပါကြောင်း ရာထူးဝန်အဖွဲ့အနေနှင့် ပြန်ကြားအပ်ပါသည်” ဟု ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြည်ပထွက်ခွာခွင့်ကိစ္စရပ်များ ပိုမိုအချိန်ယူစိစစ်နိုင်ရန်အတွက် အမျိုးသားများ ပြည်ပသို့ အလုပ်လုပ်ခွင့်အား ယာယီဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း SAC မှ ထုတ်ပြန်ခဲ့ပြီးနောက် ပြည်ပရောက် Exile မီဒီယာများအနေဖြင့် ပြည်သူများ စိုးရိမ်ထိတ်လန့်မှုများဖြစ်စေရန် ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းများပါ စစ်မှုထမ်းရန် စီစဉ်နေပြီး လက်ရှိတွင်လည်း စာရင်းများ ကောက်ခံနေပြီဖြစ်ကြောင်း မဟုတ်မမှန်သတင်းများကို ဖော်ပြနေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *