၄..၅.၂၀၂၄
Translated by Htwe Ko Tun

မြန်မာနိုင်ငံအတွင်းတိုက်ပွဲများကြောင့် ပြည်တွင်းရေးမငြိမ်မသက်မှုများအတွင်း နယ်စပ်ကိုဖြတ်လျက် အိန္ဒိယနိုင်ငံသို့ထွက် ပြေးခိုလှုံလာသော မြန်မာအရပ်သားများနှင့် တပ်ဖွဲ့ဝင်များကို ပြန်လည်ပေးပို့မှုများ ပြုလုပ်ခဲ့သော်လည်း ထိုသို့ဆောင်ရွက်မှုများက ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် အနှောင့်အယှက်ဖြစ်နေရကြောင်း သတင်းများက ဖော်ပြသည်။

အိန္ဒိယအစိုးရက နှစ်နိုင်ငံအကြား နယ်စပ်ခြံစည်းရိုးကာရံရန်နှင့် ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ ဝင်ရောက်ခွင့်ပြုခြင်းကိုလည်းရပ်ဆိုင်းမည်ဟု ကြေညာခဲ့သည်။ နယ်စပ်ပြည်နယ်ဖြစ်သော မဏိပူရပြည်နယ်တွင် မေလ ၂ ရက်က ဒုက္ခသည်အနည်းဆုံး ၃၈ ဦးအား ပြန်ပို့ခဲ့ကြောင်း သိရသည်။ အိန္ဒိယအစိုးရအနေဖြင့် ၂၀၂၃ ခုနှစ် မေလအတွင်း လူမျိုးစုများအကြား တိုက်ခိုက်မှုများကြောင့် နှစ်နိုင်ငံနယ်စပ်ဒေသတွင် လူ ၂၂၀ ခန့် အနည်းဆုံးသေဆုံးခဲ့ရသော အကြမ်းဖက်မှုများကြောင့် လူ ၇၇ ဦးအား မြန်မာနိုင်ငံသို့ပြန်ပို့ရန်လည်း ရှိသေးသည်။

မဏိပူရပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် အန်ဘီရန်ဆင်းက “မြန်မာနိုင်ငံဘက်က ရောက်ရှိလာသူတွေကို လူမျိုးဘာသာခွဲခြားမှုတွေမရှိဘဲ ပြန်ပို့ဖို့အစီအစဉ်ရဲ့ ပထမအဆင့်ကို ကျွန်တော်တို့ဆောင်ရွက်နိုင်ခဲ့တယ်။ တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ခွဲခြားဖော်ထုတ်ခြင်းအတွက် ပြည်နယ်အစိုးရက ဆက်လက်ဖော်ထုတ်နေပါတယ်” ဟု ပြောကြားခဲ့သည်။

အိန္ဒိယအစိုးရက ကုလသမဂ္ဂ၏ ၁၉၅၁ ခုနှစ် ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားခြင်းလည်းမရှိပေ။ ထိုသဘောတူညီချက်က ဒုက္ခသည်အခွင့်အရေးများနှင့် ၎င်းတို့ကို ကာကွယ်ပေးရန် တာဝန်ယူမှုတို့ကို သဘောတူလက်ခံခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ ကိုယ်ပိုင်ဥပဒေများ၌မူ နိုင်ငံအတွင်း ဝင်ရောက်လာသော ဒုက္ခသည်များကို ကာကွယ်ပေးရန် ဖော်ပြမထားပေ။

အိန္ဒိယနိုင်ငံ၏လက်ရှိဝန်ကြီးချုပ်ဖြစ်သောဘီဂျေပီပါတီမှ နာရန်ဒရာ မိုဒီကမတ်လကပင် မြန်မာဒုက္ခသည်များအားပြန်လည်ပို့ဆောင်မှုစတင်ကြောင်း ကြေညာခဲ့သည်။ သို့သော် မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသော တိုက်ခိုက်မှုများကြောင့် ထိုဆောင် ရွက်မှုများက နှောင့်နှေးနေရကြောင်း အိန္ဒိယအစိုးရအရာရှိများက ပြောခဲ့ကြသည်။

Ref- CNN

Leave a Reply

Your email address will not be published. Required fields are marked *