၁.၅.၂၀၂၄
Written By Thandar

သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းပုံစံ “မချစ်သင့်သော” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး အခမ်းအနားကို ယနေ့ မေလ ၁ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့  မြို့မကျောင်းလမ်းရှိ အိမ်တော်ရာဘုရားမှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော်က ဒီဇာတ်ကားမှာ ဇေခက်ဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ပရိသတ်ထင်မှတ်မထားတဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးကို အသည်းတယားယား ဖြစ်စေမယ့် ဇာတ်လေးလည်းဖြစ်ပါတယ်။ ရသစုံပေးစွမ်းထားတဲ့ ဇာတ်ဖြစ်သလို ပရိသတ်တွေ နည်းနည်းလောင်ရမယ့် ဇာတ်လို့လည်း ပြောလို့ရပါတယ်။ ဘယ်သူက ဘယ်သူကို Red Flag ပဲဆိုတာတော့ ပရိသတ်တွေ မြင်တွေ့ရမှာပါ။ ရည်းစားရှိလျှက်နဲ့ မချစ်သင့်တဲ့သူကို ချစ်မိရင် ဖြစ်မိတဲ့အရာလေးဖြစ်ကြတယ်ဆိုတာကို မြင်ရမှာပါ” လို့ သရုပ်ဆောင် ရဲရင့်သော်က ပြောပါတယ်။

ဆောင်းညပြသိုထုတ်လုပ်ရေးရဲ့ ဇာတ်ကားကို ဇာတ်လမ်း မူပိုင်နှင်းဆီ၊ ဇာတ်ညွန်းမိုးနီလွင်က ရေးသားထားပြီး ဒါရိုက်တာ ဉာဏ်ထင်က မချစ်သင့်သူ ချစ်မိတဲ့အဖြစ်အပျက်လေး ဖန်တီးမှု မေလ ၂ ရက်က စတင်ပြီး ရန်ကုန်မြို့နဲ့ ငွေဆောင်ဘက်မှာ အပိုင်း ၂၀ စာ ရိုက်ကူးသွားမှာဖြစ်ပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ အောင်ရဲလင်း၊ ရဲရင့်သော်၊ သိမ်မွေ့သံစဉ်၊ ရဲမွန်၊ ဇော်ဝင်းမောင်၊ လင်းဇာနည်ဇော်၊ လင်းလင်း(မိတ်ကပ်)၊ ဟန်လေး၊ ဆုထက်ကုဋေ၊ ထက်ယံအောင်၊ ဟင်နရီစံ၊ ပြည်ဖြိုးစံ၊ စိုင်းဘုန်းမင်းသန့်၊ အောင်ခန့်ကျော် စတဲ့အနုပညာရှင်တွေ ပါဝင်ကြမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News