၂၅. ၄. ၂၀၂၄
Written by Nay Moe

စစ်တောင်းမြစ်အရှေ့ခြမ်းက အခြေချရွာတွေမှာ ကင်းစောင့်နေတဲ့ PDF တွေကို တပ်မတော်ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒရုန်းဗုံးချ တိုက်ခိုက်တာကြောင့် PDF နှစ်ယောက်သေဆုံးသွားတယ်လို့ သိရပါတယ်။

ဖြစ်စဥ်က တောင်ငူခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၃၅၀၂ တပ်ခွဲ (၂)ကီးကူစစ်ကြောင်းက PDF တွေဟာ စစ်တောင်းမြစ်အရှေ့ခြမ်းက ရွာတွေမှာ လုံခြုံရေးတာဝန်ယူ ကင်းစောင့်နေချိန် တပ်မတော်ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက Drone နဲ့ Drop Bomb ချတိုက်ခိုက်ခဲ့တာပါ။

ဒီလိုမျိုး တပ်မတော်ရဲ့ Drone နဲ့ တန်ပြန် Drop Bomb ချ တိုက်ခိုက်မှုကြောင့် ကီးကူစစ်ကြောင်းက PDF ရဲဘော်သက်ပိုင်နဲ့ ရဲဘော်အငယ်လေးတို့ ပွဲချင်းပြီး သေဆုံးသွားတာလို့ တောင်ငူခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၃၅၀၂ တပ်ခွဲ (၂) ကီးကူစစ်ကြောင်းက ထုတ်ပြန်ခဲ့သလို Drop ဗုံး ကျည်ထိ သေဆုံးသူနှစ်ဦးကိုလည်း မနေ့က အသုဘချပေးခဲ့ပြီးပြီလို့ သိရပါတယ်။

တပ်မတော်ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ဒရုန်းဗုံးအသုံးပြု တန်ပြန်တိုက်ခိုက်လာတာ လအနည်းငယ်ရှိပြီဖြစ်ပေမဲ့ PDF တွေဘက်ကတော့ ထိခိုက်သေဆုံးမှု ကြေညာခဲ့တာမရှိသလောက်ဖြစ်ပြီး ကီးကူစစ်ကြောင်းကတော့ ပထမဆုံးအဖြစ် တပ်မတော်ရဲ့ ဒရုန်းဗုံးကြောင့် တပ်ဖွဲ့ဝင် PDF နှစ်ယောက်သေတယ်လို့ ပထမဆုံးထုတ်ပြန်လာတာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News