ဓာတ်ပုံ -သန္တိသုခအခမဲ့လူမှုကူညီရေးအသင်း
၂၄.၄.၂၀၂၄
Written by TZ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရကက(၁၀)၊ ကားကြီးကွင်းနှင့် မီးခွက်စျေးအနီးရှိ နေအိမ်တစ်အိမ်တွင် အတူတူနေထိုင်သည့် မွေးစားတူမှ ယနေ့မနက်က ဓားဖြင့်ခုတ်၍ အဒေါ်ဖြစ်သူသားအမိနှစ်ဦး သေဆုံးသွားကြောင်း သိရသည်။
ထိုဖြစ်စဥ်ကို ယနေ့ ဧပြီလ ၂၄ ရက် နံနက် ၁၀ နာရီအချိန်တွင် သန္တိသုခအခမဲ့လူမှုကူညီရေးအသင်းသို့ ဖုန်းဆက်အကူအညီတောင်းခံသောကြောင့် ဖြစ်စဥ်နေရာမှ ရုပ်အလောင်းများကို သယ်ဆောင်၍ ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီး မော်ကျူရီသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
“ခုတ်တဲ့သူက သူ့ဘာသာသူ အဖမ်းခံတယ်။ သူတို့က မွတ်ဆလင်လူမျိုးတွေ။ မွေးစားတူလို့ သိရတယ်။ ဘယ်လိုကိစ္စကြောင့် ဓားနဲ့ခုတ်လဲဆိုတာတော့မသိဘူး။ သူတို့က အတူတူနေထိုင်ကြတာ”ဟု သန္တိသုခအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။
ဓားဖြင့်ခုတ်ခံရမူကြောင့် သေဆုံးသည့် ကျူးလွန်သူ၏ အဒေါ်ဖြစ်သူမှာ အသက် ၆၀ အရွယ်ရှိပြီး ၎င်း၏ သမီးဖြစ်သူမှာ အသက် ၄၀ ဝန်းကျင်ရှိကြောင်း သိရသည်။
ဓာတ်ပုံ -သန္တိသုခအခမဲ့လူမှုကူညီရေးအသင်း



