ခမရ (၄၂၂) ကို တိုက်ခိုက်မှုတွင် ကယားနှင့် PDF ပူးပေါင်းအဖွဲ့မှ ၂၅ ဦးသေဆုံးကာ ၁၅ ဦး ခြေထောက်ပြတ်

၂၂. ၄. ၂၀၂၄
Written by Nay Moe

ရှမ်းနဲ့ ကယားအစပ်က မိုးဗြဲမြို့နယ်မှာ အခြေစိုက်ထားတဲ့ ခမရ ၄၂၂ တပ်ရင်းကို တိုက်ခိုက်ရာမှာ ကရင်နီ အမျိုး သားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် (၃) ရဲ့ တပ်ရင်းမှူး အိုက်ဗေ သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒီတိုက်ပွဲမှာ KNDF တပ်ရင်း (၃) တပ်ရင်းမှူးအိုက်ဗေကဦးဆောင် တိုက်ခိုက်ခဲ့ရင်း သေဆုံးသွားတာလို့ သိရသလို ဒီဖြစ်စဥ်ကို တရားဝင်သတင်းမထုတ်ပြန်ပေမဲ့ PKPF သတင်းနဲ့ပြန်ကြားရေးဗျုရိုကတော့ အိုက်ဗေရဲ့ အလောင်းကို့ထည့်ထားတဲ့ အခေါင်းရှေ့မှာ ဂစ်တာတီးပြီး ဝမ်းနည်းတေးဆိုနေတဲ့ မူဗီဖိုင်ကို မနေ့က”အမြဲအမှတ်ရနေပါ။တပ်ရင်းမှူး အိုက်ဗေ ရေ…..အလေးနီပြုလျှက်”ဆိုတဲ့ ခေါင်းစဥ်နဲ့ ဖော်ပြခဲ့သလို အသုဘကျင်းပပြီးခဲ့ပြီလို့လည်း သိရပါတယ်။

နိုဗန်ထူးအပါအဝင် ကယား PDF တွေရဲ့ စာအချို့အရ အိုက်ဗေဟာ ဧပြီ ၁၉ ရက်က တိုက်ပွဲမှာ ကျည်ထိသေဆုံးခဲ့တဲ့ အကြီးဆုံးတစ်ယောက်ဖြစ်ပြီး ကယားလက်နက်ကိုင်ထဲကပဲ တပ်စုမှူးအောင်ဇော်မိုးလည်း သေဆုံးခဲ့ပါသေးတယ်။

လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (GSCN)ဦးဆောင်ပြီး GZ တွေ တက်ကြွလှုပ်ရှားသူတွေ ဒီမိုကရေစီလိုလားသူတွေနဲ့ ဖွဲ့စည်းထားတဲ့ Federal FM သတင်းဌာနမှာလည်း ခမရ (၄၂၂) တပ်ရင်းကို တိုက်ခိုက်ရာမှာ ကယားလက်နက်ကိုင်တွေနဲ့ PDF ပူးပေါင်းအဖွဲ့တွေဘက်က ၂၅ ဦးသေဆုံးပြီး ၁၅ ဦးက ခြေထောက်တွေ ဆုံးရှုံးခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ဖော်ပြခဲ့တာတွေ့ရပေမဲ့ ကယားလက်နက်ကိုင်တပ်ပေါင်းစုဘက်ကတော့ အိုက်ဗေသေဆုံးမှုအပါအဝင် အနည်းဆုံး PDF ၄၀ လောက် သေဆုံးဒဏ်ရာရတာကို သတင်းထုတ်ပြန်မှု ဒီမနက်အထိ မရှိသေးသလို ဒီလိုမျိုး အများအပြားထိခိုက်မှုကို သတင်းဖော်ပြတဲ့မီဒီယာတချို့ကိုလည်း ဆဲဆိုကြိမ်းမောင်းနေကြတာ တွေ့ရပါတယ်။

ပုံစာ။ ယခုရက်ပိုင်းအတွင်း ကယားလက်နက်ကိုင်ပူးပေါင်းအဖွဲ့မှ သေဆုံးဒဏ်ရာရသူအချို့ မြင်ကွင်း။

Leave a Reply

Your email address will not be published. Required fields are marked *