၂၁. ၄. ၂၀၂၄
Written by Nay Moe

နိုင်ငံတော်အဆင့် အောင်ဇေယျ စစ်ကြောင်းကို တားဆီးနေတယ်လို့ သတင်းထုတ်ပြန်နေတဲ့ KNU နဲ့ PDF စစ်ကြောင်းတွေဟာ တားဆီးရာနေရာတွေကနေ ဆုတ်ခွာအပြေးမှာ ကျားဖြူစစ်ကြောင်း တပ်ခွဲ (၁)က သူတို့တားဆီးတိုက်ခိုက်ခဲ့ရာ ကော့ကရိတ်မြို့တွင်းတိုက်ပွဲမှာ ကျားဖြူ PDF လေးဦးသေဆုံးခဲ့ပါတယ်လို့ တရားဝင်ထုတ်ပြန်လာပါတယ်။

ကျားဖြူစစ်ကြောင်းက ဘယ်တော့မှ ဆုတ်မပေးဘူးလို့ မကြာခဏကြွေးကြော်ပေမဲ့ လက်တွေ့ ဆုတ်ပေးလိုက်ရတဲ့ ကျားဖြူစစ်ကြောင်း ထုတ်ပြန်ချက်မှာ ၃ ရက်ကို PDF ၄ ယောက်သေတယ်ပြောပြီး သေတဲ့ PDF တွေက ၁၉.၄.၂၀၂၄ ရက်နေ့မှာ ရဲဘော် စံထွန်း (ခ) စဝီရာဝင်း၊ ၂၀.၄.၂၀၂၄ ရက်နေ့မှာ ရဲဘော် အချောကြီး (ခ) သုတစိုးနဲ့ ရဲဘော်ပန်းချီဆရာ (ခ) အောင်သင်္ကြန်၊ ၂၁.၄.၂၀၂၄ ရက်နေ့မှာ ရဲဘော် ဝတုတ် (ခ) ဇင်မင်းအောင်တို့ သေခဲ့တာလို့ သိရပါတယ်။

 

ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ တပ်မတော်ရဲ့ နိုင်ငံတော်အဆင့် စစ်ကြောင်းထိုးမှူကြောင့် ကော့ကရိတ်ကို သိမ်းနိုင်ပြီ၊ ဘယ်တော့မှမဆုတ်ဘူးလို့ ကြွေးကြော်ထားတဲ့ KNU နဲ့ PDF ပူးပေါင်းစစ်ကြောင်းတွေ ဒီနေ့မှာတော့ အကျအဆုံးများစွာနဲ့ ဆုတ်ခွာခဲ့ရပြီလို့လည်း ​သူတို့နဲ့နီးစပ်တဲ့ လက်အောက်ခံမီဒီယာတွေကတစ်ဆင့် ​အတည်ပြုထားတာ တွေ့ရပါတယ်။

ပုံစာ။ ကော့ကရိတ်တိုက်ပွဲတွင် သေဆုံးခဲ့သော PDF များ ။

Leave a Reply

Your email address will not be published. Required fields are marked *