၂၁. ၄. ၂၀၂၄
Written by Nay Moe

မြဝတီက ချစ်ကြည်ရေးအမှတ် (၂) တံတားကို အခြေပြုနေတဲ့ ခလရ (၂၇၅) ကို ဧပြီ ၁၉ ရက်ညမှာ KNU နဲ့ PDF တို့ စတင်တိုက်ခိုက်ပြီး မနက်ခင်းမှာ Main Gate ကို စီးမိထားချိန် ဧပြီ ၂၀ ရက် မနက် ၇ နာရီကျော်မှာ စစ်ရှောင်ဖို့ထွက်လာတဲ့ ကားတစ်စီးကို တားဆီးချိန်မရပ်လို့ ပစ်ခတ်တာကြောင့် မိသားစုငါးဦးကျည်ထိမှန်ခဲ့သလို နှစ်ဦးက မဲဆောက်ဆေးရုံမှာ ဆေးကုသမှုခံယူနေရပြီး ကျည်ထိသေဆုံးသူကလေးငယ်နဲ့ အမျိုးသမီးနှစ်ဦးကိုတော့ ဒီနေ့လယ် ၃ နာရီက သင်္ဂြိုဟ်လိုက်တယ်လို့ သိရပါတယ်။

ဒီဖြစ်စဥ်မှာ ခလရ (၂၇၅) ကို အပြီးသတ်သိမ်းဖို့ ဝိုင်းထားတဲ့ KNU နဲ့ PDF တွေက ပစ်ခတ်တာကြောင့် ဦးကျော်စွာနဲ့ ဒေါ်ဝေဝေနိုင်တို့ စီးလာတဲ့ကားဟာ ကျည်အတွဲလိုက်ထိမှန်ပြီး ကားဟာ မြဝတီမြို့ကားဝင်းဟောင်းအနီး အမှတ် (၂) တံတားရှေ့ လမ်းဘေး ထိုးကျတိမ်းမှောက်သွားတာပါ။ ကျည်နဲ့ အပစ်ခံရ ကားထိုးမှောက်တာကြောင့် လိုက်ပါလာတဲ့ဦးကျော်စွာနဲ့ ဒေါ်ဝေဝေနိုင်တို့ ဒဏ်ရာအပြင်းအထန်ရတဲ့အပြင် ဦးကျော်စွာရဲ့သမီးငယ်၊ ချွေးမနဲ့ တူတော်စပ်သူကလေးငယ်တို့ သေဆုံးခဲ့ရတာပါ။

ဒီနေရာမှာ ဦးကျော်စွာတို့ကားကို BGF က ပစ်ခတ်တယ်လို့ ရေးသားမှုတွေရှိပေမဲ့လည်း ဦးကျော်စွာတို့ ပစ်ခတ်ခံရတဲ့အချိန်မတိုင်ခင် ဧပြီ ၂၀ ရက် မနက် ၆ နာရီကျော်ကနေ မဆုတ်ခွာခင် တစ်နေကုန်နီးပါးဟာ တံတားအတွင်းဘက်က ခလရ (၂၇၅)တပ်ကို KNU နဲ့ PDF တွေက လက်နက်ချဖို့၊ ခဏတာအသာရအပြီးမှာ အညံ့ခံဖို့၊ တံတားထိပ်နား စစ်ဆိုင်ထားချိန် ဦးကျော်စွာတို့ မိသားစုပစ်ခတ်ခံရတာဖြစ်သလို အဲဒီတိုက်ပွဲပတ်ဝန်းကျင်မှာ BGF မရှိတာ၊ ခလရ (၂၇၅) ကလည်း ပိတ်ဆို့အဝိုင်းခံထားရတာကြောင့် KNU နဲ့ PDF တွေပဲ ဦးကျော်စွာတို့မိသားစုကို ပစ်ခတ်တာလို့ ဒေသခံတွေနဲ့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေက အကဲဖြတ်ကြပါတယ်။

ပုံစာ။ KNU / PDF ပစ်ခတ်မှုကြောင့် သေဆုံးထိခိုက်သော ဦးကျော်စွာတို့မိသားစုနှင့် ယနေ့စျာပနာမြင်ကွင်း( ဓာတ်ပုံ – ဘီ ဝမ်း)

Leave a Reply

Your email address will not be published. Required fields are marked *