April 30, 2024

၁၇. ၄. ၂၀၂၄
Writer & Photo Tha Doe

ရွှေတိဂုံစေတီတော် တည်ထားကိုးကွယ်ရာ သိင်္ဂုတ္တရကုန်းတော်မြတ်ဟာ မြန်မာလူမျိုးတို့ ကုသိုလ်နဲ့စတင်ရာ နှစ်ဆန်းတစ်ရက်နေ့မြတ်မှာ ကုန်းတော်တစ်ခုလုံးပြည့်အောင်ကို လာရောက်ကုသိုလ်ပြု ပူဇော်သူများပြားခဲ့ပါတယ်။

သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်းရှောင်ကျဥ်မှု အပါအဝင် ငါးပါးသီလအဆုံးအမနဲ့ မွေ့လျော်ကြီးပြင်းခဲ့တဲ့ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေဟာ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ဘုရားစေတီများစွာကို သွားရောက်ကာ ကုသိုလ်ပြုကြလေ့ရှိပြီး နှစ်သစ်ကို လောဘ၊ ဒေါသ၊ မောဟမပါ စတင်ကြတာမို့လည်း ဒီနေ့လို့ နေ့သစ်နေ့မြတ်မှာ ဘုရားစေတီတိုင်း လူများပြားနေတာလည်း ထုံးစံပါပဲ။

ရွှေတိဂုံရင်ပြင်တော်တစ်ခုလုံးနီးပါး ပြည့်လျှံများပြားအောင် ဘုရားဖူးပြည်သူတွေ လာရောက်ကုသိုလ်ပြုကြတာမို့လို့လည်း ရွှေတိဂုံစေတီတော် သွားရာလမ်းတစ်လျှောက် ယာဥ်ကြောပိတ်ဆို့မှုတွေလည်း ဖြစ်နေပြီး စေတီတော်သွားရာလမ်းတစ်လျှောက်ဟာ များပြားလှတဲ့ပြည်သူတွေနဲ့ ပြည့်နေခဲ့ပါတယ်။

၂၀၂၀ က စတင်ခဲ့တဲ့ ကိုဗစ်နဲ့ နိုင်ငံရေးပဋိပက္ခကြောင့် အလှူအတန်းလုပ်ရင်ကို ကဲ့ရဲ့ရှုတ်ချမှုတွေကလည်း ငြိမ်းချမ်းစွာနေထိုင်ရင်းကုသိုလ်ပြုလိုတဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ စေတနာ၊ သဒ္ဒါအားကို အချိန်ကြာကြာ မပုပ်ခတ်နိုင်တာကြောင့်လည်း ဒီနေ့ ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ဘုရားဖူးလာပြည်သူကို ရေသန့်၊ မုန့်၊ အအေးစတာတွေ ပေးဝေလှူဒါန်းကြတာလည်း တွေ့ရသလို ရွှေသင်္ကန်း၊ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ ကန်တော့ပွဲ ဆပ်ကပ်မှုလည်း များတဲ့အပြင် ရွှေတိဂုံစေတီတော်ရဲ့ အလှူခံဌာနတွေမှာလည်း လက်မလည်အောင်ကို ဝိုင်းဝန်းလှူဒါန်းနေကြတာလည်း တွေ့မြင်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *