၁၃.၄.၂၀၂၄
Photo & Writer TZ

ဒီနေ့ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ရဲ့ နေပြည်တော်လမ်းလျှောက်သင်္ကြန်မှာ နေပြည်တော်က ဝန်ထမ်းတွေ၊ ဝန်ထမ်းမိသားစုတွေနဲ့ ပြည်သူတွေ စည်ကားသိုက်မြိုက် ပျော်ရွှင်စွာ ရေကစားနေတာကို တွေ့မြင်ရပါတယ်။

နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို နေပြည်တော်စည်ပင်ဧည့်ရိပ်သာ မီးပွိုင့်နဲ့ သပြေကုန်းမီးပွိုင့်ကနေ စပြီး လမ်းလျှောက်သင်္ကြန်လာမဲ့ ပြည်သူတွေ ဘေးကင်းဖို့အတွက် လုံခြုံရေးတင်းကြပ်စွာ စစ်ဆေးဆောင်ရွက်ပေးနေတာလည်း တွေ့ရပါတယ်။

“ဒီနှစ်ကအစည်ဆုံးပဲ။ မနှစ်ကသိပ်မစည်ဘူး။  စတုဒိသာဆိုရင် ထမင်းဗူးတွေ၊ မုန့်မျိုးစုံတွေနဲ့ ဧည့်ခံတယ်။အဆိုတော်တွေဆို မေလသံစဥ်၊ ဖြူဖြူထွေး၊ အစုံပဲ အဆိုတော်တွေက။ ပြီးတော့ ဒီနှစ်ထူးခြားတာက ကိုရီးယားနိုင်ငံက နာမည်ကြီးတဲ့သူတွေပါတော့ အတိုင်းမသိပျော်ပါတယ်။ ကိုရီးယားက ကလေးတွေကပြသွားတာက ချစ်စရာလေးတွေ။ နိုင်ငံခြားကလာရောက်ကစားတဲ့သူတွေလည်း တွေ့တယ်။ ဂုဏ်လည်းယူတယ်” လို့ ရေလာရောက်ကစားတဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။

နေပြည်လမ်းလျှောက်သင်္ကြန်မှာ ကိုရီးယားနိုင်ငံက k-pop အဆိုတော်တွေ၊ ကလေးငယ်တွေရဲ့ ကပြဖျော်ဖြေမှု၊ မြန်မာနိုင်ငံက နိုင်ငံကျော်အဆိုတော်တွေရဲ့ သီဆိုကပြ ဖျော်ဖြေမှုတွေ၊ စတုဒိသာအလှူတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ မြင်ကွင်းကို MT Entertainment က ပြန်လည်ဖော်ပြလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *