၁၁.၄.၂၀၂၄
Written by KL

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ သာယာအေးရပ်ကွက်၊ လှိုင်ရတနာလမ်းရှိ နေအိမ်တစ်လုံးတွင် အသက်(၁၇)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ကြိုးဆွဲချ(ဆွဲကြိုးချ) သေဆုံးမှု ဧပြီ ၁၀ ရက် ညနေ ၆ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့သည်။

သေဆုံးသူ မိန်းကလေးမှာ နေအိမ်၏ အလယ်ထုတ်တန်းတွင် ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ပြီး သေဆုံးရသည့် အကြောင်းအရင်းမှာ မိသားစုကိစ္စဖြင့် စိတ်ညစ်ကာ သေဆုံးသည်ဟု အနီးအနားနေသူများ၏ ပြောကြားချက်အရ ကြားသိရကြောင်း ရုပ်အလောင်းကို သွားရောက်သယ်ဆောင်ပေးသည့် ကျန်းမာချမ်းသာ လူမှုကယ်ဆယ်ရေးအဖွဲ့ ထံမှ သိရသည်။

“ကောင်မလေးက မိသားစုကို ရှာကျွေးနေတာ။ မိသားစုကိစ္စနဲ့ စိတ်ညစ်ပြီး ငယ်လည်းငယ်သေးတော့ သိပ်မစဥ်းတော့ဘဲ ဖြစ်သွားတာ “ဟု ကျန်းမာချမ်းသာ လူမှုကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင် ယတစ်ဦးက ပြောသည်။

သေဆုံးသူမိန်းကလေး၏ ရုပ်အလောင်းကို ကျန်းမာချမ်းသာ လူမှုကယ်ဆယ်ရေးအဖွဲ့ မှ အဖွဲ့ဝင် ၃ဦးဖြင့် မော်လမြိုင်​ ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင် ကူညီပေးခဲ့ကြောင်း သိရသည်။

အသက် ၁၇ နှစ်အရွယ် မိန်းက​လေးငယ် ကြိုးဆွဲချသေဆုံးမှုနှင့် ပတ်သက်၍ သေမှုသေခင်းအမှတ်စဥ် ဖွင့်လှစ်ကာ မော်လမြိုင်မြို့မရဲစခန်းက စစ်ဆေးနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *