၁၁.၄.၂၀၂၄
Written by TZ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ ပျဥ်ပုံအုပ်စု၊ သုံးခွကျေးရွာတွင် ဇနီးမောင်နှံနှစ်ဦးသတ်ဖြတ်ခံရပြီး ဇနီးဖြစ်သူကို သတ်ဖြတ် မီးရှို့သွားကြသလို ခင်ပွန်းဖြစ်သူကိုလည်း လည်လှီးသတ်​ဖြတ်ခဲ့မှု ယနေ့ ဖြစ်ပွားခဲ့သည်ဟု ကူညီပေးခဲ့သည့် ပရဟိတအသင်းထံမှ သိရသည်။

“ဘာလို့သတ်ပြီး ဘယ်သူတွေသတ်သွားလဲတော့မသိဘူး။ နေအိမ်လည်းပြာကျ။ ပြီးတော့ အမျိုးသမီးတစ်ယောက်ကိုလည်း မီးရှို့သတ်ခံရတယ်။ အမျိုးသားတစ်ယောက်လည်း ဓားဒဏ်ရာတွေနဲ့ သတ်ခံရတယ်။ သတ်ခံရသူတို့ကလင်မယားတွေ” ဟု မြောင်းမြမြို့ရှိ ဒေသခံတစ်ဦးကဆိုသည်။

အဆိုပါ မီးရှိို့ပြီးသတ်ဖြတ်ခံရသည့် အမျိုးသမီးအလောင်းနှင့် ဓားဒဏ်ရာများဖြင့် သတ်ဖြတ်ခံရသည့် အမျိုးသားအလောင်းတို့ကို မြောင်းမြဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *