၁၀. ၄. ၂၀၂၄
Translated by Htwe Ko Tun

ဗြိတိန် နိုင်ံငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းက အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရန့်ကို ထရန့်၏ ဖလော်ရီဒါ ပြည်နယ် စံအိမ်တွင် ဧပြီလ ၈ ရက်က ညစာစားရင်းတွေ့ဆုံခဲ့ကြကြောင်းသိရသည်။ သို့သော် ကင်မရွန်းက ညစာစားပွဲတွင်ဆွေးနွေး ပြောကြားမှုများကို ထုတ်ဖေယ်ခြင်း မရှိဘဲ ပုဂ္ဂိုလ်ရေးအရ ညစာ စားပွဲပြုလုပ်ကြခြင်းသာဖြစ်သည်ဟု ပြောခဲ့သည်။

ထရန့်၏ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုအဖွဲ့ကမူ ဆွေးနွေးပွဲတွင် ယူကရိန်းစစ်ပွဲ၊ နေတိုးနိုင်ငံများ အနေနှင့် ၎င်းတို့၏ကာကွယ်ရေးအသုံးစရိတ်လိုအပ်ချက်များ ပြည့်ဝစေရန်လိုအပ်ချက်များကိုဆွေးနွေးခဲ့ကြသည်ဟု ဧပြီလ ၉ ရက်တွင်ပြောခဲ့ကြသည်။

သို့သော်ငြားလည်း ဒေါ်နယ်ထရန့် အနေဖြင့် ရီပတ်ဘလစ်ကန်ပါတီ၏ သမ္မတလောင်းအဖြစ် အဆိုပြုခံရစေရေး ယှဉ်ပြိုင်နေစဉ်က ထရန့်အပေါ် များစွာဝေဖန်မှုပြုခဲ့သော ဒေးဗစ်ကင်မရွန်းက ဤကဲ့သို့ ထရန့် အားသွားရောက်တွေ့ဆုံညစာစားရင်း ဆွေးနွေးပွဲပြုလုပ်မှုက များစွာထူးခြားမှုဖြစ်စေခဲ့သည်။

ထရန့် နှင့်ရီပတ်ဘလစ်ကန်ပါတီမှ ၎င်းအား ထောက်ခံသူများက ယူကရိန်းသို့ စစ်ရေးအကူအညီ ဒေါ်လာ ဘီလျံ ၆၀ အထောက်အပံ့ပေးရန် ဂျိုးဘိုင်ဒန်အစိုးရ၏အစီအစဉ်ကို အောက်လွှတ်တော်တွင် ဆန့်ကျင်နေကြခြင်းအပေါ် ကင်မရွန်းက ဝေဖန်ခဲ့သည့်အပြင် ထိုအစီအစဉ်အားအတည်ပြုရေး ရီပတ်ဘလစ်ကန်များအား တိုက်တွန်းနေသူဖြစ်သည်။

၎င်း၏ ထိုသို့ပြုလုပ်နေမှုကြောင့် ထရန့်၏လူယုံဟုဆိုရမည့် ရီပတ်ဘလစ်ကန်အမတ် မာဂျိုရီ တေလာ ဂရင်းကဆိုလျှင် များစွာစိတ်ဆိုးကာ “’ဒီလိုဖြစ်စေချင်ရင် ကျွန်မစအိုဝကို လာနမ်း” ဟုပင် တုံ့ပြန်သည်အထိ ဖြစ်ခဲ့ကြသေးသည်။

ယခုအချိန်တွင်မူ ထရန့်အား အဆက်မပြတ်ဆန့်ကျင်လာသူ ကင်မရွန်းက ထရန့်နှင့် သမ္မတလောင်းအဖြစ်၌ပင်သွားရောက်တွေ့ဆုံကာ ယူကရိန်းအရေး၊ နေတိုးအရေးများကိုပါဆွေးနွေးခဲ့မှုအပေါ် အမြင်အမျိုးမျိုးဖြင့် သုံးသပ်လျက်ရှိကြသည်။

Ref- BBC

Leave a Reply

Your email address will not be published. Required fields are marked *