၆.၄.၂၀၂၄
Translated by Htwe Ko Tun

ဂျပန်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ဩစတြေးလျနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့၏ ရေတပ်များပူးတွဲ၍ အင်အားပြည့်စစ်ရေးလေ့ကျင့်မှုကို ဧပြီလ ၇ ရက်တွင် တောင်တရုတ်ပင်လယ်၌ ပြုလုပ်သွားမည်ဟု သိရရာ တရုတ်နိုင်ငံက ဒေသအတွင်းရေကြောင်းဆိုင်ရာ အင်အားကြီးအနိုင်ယူမှုကို ပူးပေါင်းဆန့်ကျင်မှုတစ်ရပ်အဖြစ် တွေ့မြင်ကြရသည်။

အဆိုပါ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုကို ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးဇုံပိုင်နက်ရေပြင်တွင် ပြုလုပ်သွားမည်ဟုသိရရာ ပွင့်လင်း၍လွတ်လပ်သော အင်ဒို-ပစိဖိတ်ဒေသဖြစ်လာစေရေးကိုထောက်ခံသည့် ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ခိုင်မာလာစေရန် စုပေါင်းဆောင်ရွက်မှု ဖြစ်ကြောင်း အဆိုပါလေးနိုင်ငံမှ ကာကွယ်ရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်တွင် ဖော်ပြခဲ့သည်။

၎င်းတို့လေးနိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်များ ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်းတွေ့ဆုံပြီးသည်မှစ၍ အမေရိကန်နှင့် ကျန်သုံးနိုင်ငံတို့အကြား နှစ်ဖက်အကျိုးတူ(သို့မဟုတ်)အများအကျိုးတူဆက်ဆံရေးများ တိုးမြင့်လာခဲ့သည်။ ကာကွယ်ရေးဝန်ကြီးလေးဦးက ၎င်းတို့အနေဖြင့် ဥပဒေကြောင်းနှင့်အညီ နိုင်ငံတကာစည်းမျဉ်းကို စောင့်ရှောက်ကာကွယ်သွားမည်ဟု ကြေညာချက်တွင် ပြောခဲ့ကြသည်။

အဆိုပါ ရေတပ်စစ်ရေးလေ့ကျင့်မှုကို ဖိလစ်ပိုင်နိုင်ငံ၏ ပါလာဝန်ကျွန်းအနီးတွင်ပြုလုပ်သွားမည်ဖြစ်ပြီး ရေငုပ် သင်္ဘောတိုက်ဖျက်ရေးစစ်ဆင်မှုများနှင့် ရေကြောင်းကင်းလှည့်စောင့်ရှောက်ရေးစစ်ဆင်မှုများ ပါဝင်မည်ဟု မျှော်လင့်ရသည်။

Ref- Kyodo News

Leave a Reply

Your email address will not be published. Required fields are marked *