၃. ၄. ၂၀၂၄
Written by TZ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မန္တလေးမြို့၊ ၂၆/၉၂ လမ်း သင်္ဂဇာချောင်း အရှေ့ဘက်လမ်းရှိချောင်းတွင် ယမန်နေ့က အသက် ၈၀ နှစ်ခန့်အရွယ် အဘိုးအိုတစ်ဦး ချောင်းထဲသို့အပေါ့စွန်ရာက အရှိန်လွန်၍ ပြုတ်ကျရာသေဆုံးသွားကြောင်း ကူညီပေးခဲ့သည့် နိဗ္ဗာန်သုခအသင်းမှ သိရသည်။

“ထင်ရတာတော့ ဆီးချိုရောဂါရှိလားမသိဘူး။ နေတွေကလည်းတအားပူတော့ ရောဂါအခံရှိတော့ သွေးတအားတက်ပြီး ချောင်းထဲကိုပြုတ်ကျတာဖြစ်မယ်။ ပြီးတော့ အဘိုးက ချောင်းထဲသေးပေါက်ရင်းနဲ့ အဲ့ဒီမှာချောင်းထဲကို ခေါင်းထိုးစိုက်သွားတာ” ဟု သွားရောက်ကယ်ဆယ်သည့် နိဗ္ဗာန်သုခအသင်းမှ တာဝန်ရှိသူတစ်ဦးက MT news သို့ ဖြေကြားခဲ့သည်။

အပေါ့စွန့်စဥ် ပြုတ်ကျသေဆုံးရရှာသည့် အဘိုးအို၏ ရုပ်အလောင်းကို ရင်ခွဲရုံသို့ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဓာတ်ပုံ- နိဗ္ဗာန်သုခအသင်း

Leave a Reply

Your email address will not be published. Required fields are marked *