၃. ၄. ၂၀၂၄
Written by Nay Moe

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ညောင်ပင်အင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်ထွေးနဲ့ သားဖြစ်သူ စစ်မှူထမ်းဟောင်း တပ်ကြပ်ကြီး(ငြိမ်း)ကျော်သူစိုးတို့ ၂ ဦးကို ဖမ်းဆီးပြီး သတ်ဖြတ်လိုက်တယ်လို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၃၆၀၁ PPDF က ထုတ်ပြန်ထားပါတယ်။

ဒီလက်နက်မဲ့သားအဖနှစ်ဦးဖြစ်တဲ့ ဦးတင်ထွေးနဲ့သားဖြစ်သူကိုကျော်သူစိုးတို့ကို ဧပြီလ ၂ ရက်နေ့ ည ၈ နာရီအချိန် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ညောင်ပင်အင်းအုပ်စု၊ ညောင်ပင်အင်းရွာကနေ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၆၀၁ PPDFတပ်ရင်း၊တပ်ခွဲ ၄ ပြည်တော်ဝင်အဖွဲ့နဲ့ တပ်ခွဲ ၅ နွေဦးအဖွဲ့တို့က ဖမ်းဆီးလာခဲ့ပြီး သဖန်းကိုင်းရွာ ဆည်ကြီးကုန်းအရှေ့ ဘက် သရက်ချောင်းလမ်းအရောက်မှာ ပစ်သတ်လိုက်ကြတာဖြစ်ပါတယ်။

PDF တွေပစ်သတ်လို့ သေဆုံးသွားရရှာတဲ့ သားအဖနှစ်ဦးထံက မှတ်ပုံတင်တစ်ခု၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်ကတ်ပြားတစ်ခု သိမ်းယူလိုက်တဲ့အပြင် ဆိုင်ကယ်တစ်စီးနဲ့ လက်ကိုင်ဖုန်း ၂ လုံးတို့ကို လုယက်သိမ်းယူခဲ့တယ်လို့လည်း ပြောပါတယ်။

ပဲခူးတိုင်းဟာ အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူတွေ အများအပြား သတ်ဖြတ်ခံရတဲ့တိုင်းတစ်ခုဖြစ်သလို နွေဦးတော်လှန်ရေးစတင်တဲ့အချိန်ကနေ ၂၀၂၄ ခုနှစ် မတ်လ ၅ ရက်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ဆရာဆရာမ အပါအဝင် နိုင်ငံ့ဝန်ထမ်း ၁၁၂၄ ဦးနဲ့ ကျောင်းသားကျောင်းသူတွေစတဲ့ ပြည်သူ ၇၀၀၀ ကျော်ဟာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NLD, NUG, PDF နဲ့ EAOs တို့ရဲ့ သတ်ဖြတ်မှု ခံထားရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *