၂. ၄. ၂၀၂၄
Written by Hey Mar

လှိုင်သာယာမြို့နယ် ဒဂုံဧရာအဝေးပြေးအကျော် အလုပ်သမားဆေးရုံအနီးမှာ မနေ့က ဧပြီလ ၁ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်ခန့်က ခရီးသည်တင်ယာဥ်နဲ့ ဆီဘောက်ဆာကားတို့ မျက်နှာချင်းဆိုင်တိုက်မိပြီး တစ်ဦးသေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့တယ်ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်မှာ ခရီးသည်တင်ယာဉ်က ဖယ်ရီကြိုဖို့ လှိုင်သာယာဘက်ကနေ ဧရာဝတီတိုင်းဘက်ကို ပြန်ဆင်းတဲ့လမ်းကြောအတိုင်းမောင်းနှင်လာစဉ် ဘရိတ်ပေါက်ပြီး တစ်ဖက်ယာဉ်ကြောက ဆီဘောက်ဆာကားကို ဝင်တိုက်တာလို့ သိရပါတယ် ။

မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ခရီးသည်တင်လိုင်းကားပေါ်မှာ နှစ်ဦး ဆီဘောက်ဆာကားပေါ်မှာ နှစ်ဦး အမျိုးသားတွေချည်းပဲ။ အဲ့ဒါကိုမှ ခရီးသည်တင် ကားပေါ်က ယာဉ်မောင်းက နေရာတင်ဆုံးတယ်။ ယာဉ်နောက်လိုက်က ဒဏ်ရာ ပြင်းထန်တယ်။ ဆီဘောက်ဆာကားပေါ်ကတော့ ဘာမှကြီးကြီးမားမားဖြစ်မသွားပါဘူး။ နောက်ပြီး တိုက်တဲ့ အရှိန်နဲ့ ပစ္စည်းတွေလွင့်တော့ သုံးဘီးမောင်းသူတစ်ဦးလည်း ထိခိုက်သွားတယ် ။ စုစုပေါင်း အမျိုးသား ၅ ဦး လှိုင်သာယာပြည်သူ့ဆေးရုံကြီးကို အရေးပေါ်ပို့ဆောင်ပေးခဲ့ပါတယ်” လို့ MT News ကိုပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *