MT News
၂. ၄. ၂၀၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ မီးလောင်စခန်းကျေးရွာက စစ်မှုထမ်းဆောင်ဖို့ခေါ်ဆောင်ခံရတဲ့ အစ္စလာမ်ဘာသာဝင်တစ်ဦး နှိပ်စက်ခံရလို့ သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းအမှားကို Khit Thit မီဒီယာကဖြန့်ချိနေတာနဲ့ပတ်သက်ပြီး သတင်းအမှန်ကို SAC ရဲ့ သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လာပါတယ်။

ဖြစ်စဉ်အမှန်က ရန်ကုန်တိုင်းဒေသကြီးမှာဖွင့်လှစ်မဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်း တက်ရောက်မဲ့ သင်တန်းသားတွေကို မတ်လ ၃၀ ရက် နံနက် ၁၀ နာရီခန့်မှာ နွေးထွေးစွာ ကြိုဆိုတဲ့အခမ်းအနားမှာ တပ်အဝင်ဂိတ်ကဝင်ရောက်ဖို့ မော်တော်ယာဉ်ပေါ်က ဆင်းသက်ချိန် တိုက်ကြီးမြို့နယ်နေ ကိုကိုလတ်(ဘ) (ဦးမောင်ထွေး)၊ အသက် ၂၉ နှစ် အစ္စလာမ်ဘာသာဝင်ဟာ အတက်ရောဂါ ဖြစ်ပွားခဲ့လို့ တပ်တွင်း ဆေးခန်း ပို့ဆောင်ကုသခဲ့ရာ မသက်သာတဲ့အတွက် မင်္ဂလာဒုံရှိတပ်မတော်စစ်ဆေးရုံကို အရက်စွဲရောဂါဖြစ်ပွားသူ ၃ ဦးနဲ့အတူ ညနေ ၆ နာရီခန့်မှာ ပို့ဆောင် ဆေးကုသမှုခံယူစေခဲ့ပေမဲ့ မတ်လ ၃၁ ရက် နံနက် ၁၀ နာရီခွဲချိန်ခန့်မှာ ကိုကိုလတ်ဟာ အရက်ကြောင့် ရုတ်တရက် နှလုံးရပ်တန့်ရောဂါနဲ့ သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

တရားမဝင်မီဒီယာတွေဟာ ပြည်သူ့စစ်မှုထမ်းဥပဒေဖော်ဆောင်ရေး ထိခိုက်စေမဲ့ ဘာသာရေး၊ လူမျိုးရေးထိုးနှက်မှုကို အခြေခံတဲ့ လုပ်ကြံသတင်းတွေ၊ ကောလာဟလသတင်းတွေကို ပြည်သူအထင်အမြင်လွဲမှားစေဖို့ ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေပြီး အချိန်ကိုက် ဝါဒဖြန့်နေတာလို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *