April 28, 2024

၂၉. ၃. ၂၀၂၄
Written by KL

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့၊ သိမ်ကုန်းကျေးရွာရဲ့ အိမ်တစ်လုံးမှာ စိတ်မူမမှန်တဲ့ အမျိုးသားတစ်ယောက် လည်ပင်း၊ ရင်ညွန့်တို့ကို ဓားမြောင်နဲ့ထိုးပြီး အဆုံးစီရင်မှုတစ်ခု မတ်လ ၂၈ ရက် နံနက် ၁၀ နာရီကျော်က ဖြစ်ပွားခဲ့ပါတယ်။

အဆုံးစီရင်ခဲ့တဲ့ အသက် ၃၁ နှစ်အရွယ်ရှိတဲ့အမျိုးသားရဲ့လည်ပင်းမှာ ထိုးသွင်း ပြတ်ရှ ဒဏ်ရာ၊ ရင်ညွှန့်မှာထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

“ဒီဘက်ရွာတွေမှာက အိမ်နဲ့သပ်သပ်စီဆောက်ထားတဲ့ မီးဖိုဆောင်မှာ မြေ့နေအောင်သွေးထားတဲ့ ဓားမြောင်နဲ့ လည်ပင်းကို ဆွဲထိုးခွဲထားတာက တစ်ချက်၊ ရင်ညွန့်မှာတစ်ချက်နဲ့ ပက်လက်အနေအထားနဲ့ပဲ သေဆုံးနေတာကိုတွေ့ခဲ့တာပါ။ မိသားစုဝင်တွေနဲ့အနီးအနားကလူတွေပြောတာကတော့ သူက စိတ်မူမမှန်ဘူးလို့လည်း သိရတယ်”လို့ သွားရောက်ကူညီခဲ့တဲ့ ရွာငံမြို့ လူမှုကူညီရေးအဖွဲ့က တာဝန်ရှိသူတစ်ဦး ပြောပါတယ်။

ဘာအတွက်ကြောင့် မိမိ ကိုယ်ကိုယ်အဆုံးစီရင်ခဲ့သလဲဆိုတာနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

သေဆုံးသူရဲ့ရုပ်အလောင်းကို ရွာငံမြို့ လူမှုကူညီရေးအဖွဲ့က အဖွဲ့ဝင်​ ၅ ဦးက သွားရောက် သယ်ဆောင်ပေးပြီး ရွာငံမြို့နယ် ပြည်သူဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်​ပေးခဲ့တယ်လို့ ကူညီပေးခဲ့တဲ့ ရွာငံမြို့ လူမှုကူညီရေးအဖွဲ့ဆီကနေ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *