၂၈. ၃. ၂၀၂၄
Written by TZ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၆လမ်းနှင့် ၁၃၅ လမ်းတွင် ယနေ့မနက် ၇ နာရီခန့်က မော်တော်ယာဥ်နှင့်မော်တော်ဆိုင်ကယ်တို့ တိုက်မိရာမှ အမျိုးသမီးတစ်ဦး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။

အခင်းဖြစ်စဥ်တွင် ဆိုင်ကယ်စီးနင်းသည့် သက်လတ်ပိုင်းအမျိုးသမီးမှာ ဆိုင်ကယ်ဦးထုပ်ပါသော်လည်း ဆိုင်ကယ်ရှေ့ပိုင်းနှင့် ဦးခေါင်းပိုင်းထိခိုက်မိပြီး ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်သည်။

“တိုက်မိတာအရှိန်ပြင်းတယ်။ ဆိုင်ကယ်မောင်းတဲ့အမျိုးသမီးရဲ့ ညာဘက်ဦးခေါင်းတစ်ခြမ်းပြားသွားတာ။ လူမှုကူညီရေးအသင်းကို ဖုန်းဆက်တော့ ရောက်လာတယ်”ဟု ပြည်ကြီးတံခွန်မြို့တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

အဆိုပါ အမျိုးသမီး၏ ရုပ်အလောင်းကို လောကပါလလူမှုကူညီရေးအသင်းမှ မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း၊ သေဆုံးသည့် အမျိုးသမီး၏ မိဘများကို ဆက်သွယ်အကြောင်းနေကြောင်း သိရသည်။

ဓာတ်ပုံ -လောကပါလ လူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *