၂၇. ၃. ၂၀၂၄
Written by TZ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် (ဘုရင့်နောင်) လမ်းမကြီး၊ ကြို့ကုန်းမီးပွိုင့်အနီးတွင် YBS-၈၂ ခရီးသည်ယာဥ်မှာ အရှိန်လွန်၍ လမ်းဘေးရှိဓာတ်တိုင်အား ဝင်တိုက်မိရာ ခရီးသည် ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်မှာ ယနေ့ မတ်လ ၂၇ ရက် နေ့လယ် ၁ နာရီ ၄၅ မိနစ် အချိန်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တွဲလက်လူမှုကူညီရေးအသင်းသို့ တာဝန်သိပြည်သူများမှ ဖုန်းဆက်အကြောင်း ကြားသောကြောင့် ဖြစ်စဥ်နေရာသို့ ဒေသခံလူမှုကူညီရေးအသင်းများနှင့်အတူ သွားရောက်ကူညီခဲ့​ကြောင်း သိရသည်။

“ယာဥ်မောင်းကတော့ ထွက်ပြေးသွားတယ်။ ဒဏ်ရာရတာက (၁၁) ဦး။ ယာဥ်ကတော့ ခေါင်းပိုင်းပျက်စီးသွားတယ်”ဟု တွဲလက်လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက MT news သို့ ဖြေဆိုသည်။

ထိုဒဏ်ရာရရှိသူများကို စိန်ရတနာနာ​ရေးကူညီမှုအသင်း၊ အနာဂတ်သွေးနှင့်လူမှုကူညီရေးအသင်း၊ တွဲလက်လူမှုကူညီရေးအသင်းတို့မှ အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Photo -တွဲလက်လူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *