၂၂.၃.၂၀၂၄
Written by Thin Zar

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့၊ ဆောက်တောဝကျေးရွာအနီးတွင် ၁၂ ဘီးယာဥ်တစ်စီးအရှိန်လွန်၍ ရေမြောင်းထဲသို့ ထိုးကျရာမှ ယာဥ်မောင်းအမျိုးသားသေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဥ်ကို မတ်လ ၂၁ ရက် ည ၈ နာရီကျော်တွင် သတင်းရရှိသောကြောင့် ဖြစ်စဥ်နေရာသို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ​ဒေသခံလူမှုကူညီရေးအသင်းများမှ ကားအတွင်း ညှပ်နေသည့် ယာဥ်မောင်း၏ ရုပ်အလောင်းကို သယ်ထုတ်ပေးနိုင်ခဲ့သည်။

ထို့နောက် ဒဏ်ရာရရှိသူ ယာဥ်နောက်လိုက်ကိုလည်း လောကပါလလူမှုကူညီရေးအသင်း လူနာတင်ယာဥ်ဖြင့် ဆေးရုံသို့ပို့ဆောင်ပြီး၊ သေဆုံးသွားသည့် ယာဥ်မောင်းအမျိုးသား၏ရုပ်အလောင်းကို ထာဝရတွဲလက်များလူမှုကယ်ဆယ်ရေးအသင်းယာဥ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *