၂၀. ၃. ၂၀၂၄
Written by Nay Moe

ဝမ်းတွင်းမြို့နယ် သီးကုန်းရွာအုပ်ချုပ်ရေးမှူးကို ဝမ်းတွင်း PDF အဖွဲ့ဖြစ်တဲ့ Wundwin Township Revolution Force အဖွဲ့က သေနတ်ကျည်ငါးချက်နဲ့ မနေ့က ပစ်သတ်လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဖြစ်စဥ်က မနေ့က မတ်လ ၁၉ ရက် ညနေ ၅ နာရီ မိနစ် ၅၀ ခန့်မှာ မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ သီးကုန်းရွာအုပ်ချုပ်ရေးမူး ဦးမောင်ပုဆိုသူဟာ စစ်မှုထမ်းဥပဒေအတိုင်း ကျေးရွာအတွင်းအစည်းအဝေးလုပ်ပြီး ဝမ်းတွင်းမြို့နယ် ထွေအုပ်ရုံးဆီ ကျေးရွာအတွင်းက လူငယ်သုံးဦးနာမည်စာရင်းသွားပေးပြီး သီးကုန်းရွာပြန်အလာ လမ်းပေါ်တင် WTRF PDF အဖွဲ့က ဦးမောင်ပု ရင်ဘက်တည့်တည့်သို့ ကျည်ငါးတောင့် ပစ်ခတ်ပြီး သတ်ဖြတ်လိုက်တယ်လို့ ပြောပါတယ်။

ဦးမောင်ပုရဲ့ သားမက်ဖြစ်သူ သဲဖြူကုန်းစစ်တပ်က စစ်ဗိုလ်တစ်ဦးလို့လည်း WTRF အဖွဲ့ကပြောပြီး ဦးမောင်ပုကိုင်ဆောင်ထားတဲ့ လက်လုပ်သေနတ်နဲ့ ကျည်တွေကိုလည်း သိမ်းယူလာတယ်လို့လည်း WTRF က ပြောပါတယ်။

WTRF အဖွဲ့ဟာ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်ကလည်း ဝမ်းတွင်းမြို့နယ် ညောင်အုပ်ဖီးရွာအုပ်ချုပ်ရေးမှူးကို သတ်ဖြတ်ခဲ့ပြီး ဝမ်းတွင်းမြို့နယ်က လက်နက်မဲ့ပြည်သူတွေကို မကြာခဏသတ်ဖြတ်နေတဲ့အဖွဲ့လည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *