၁၆.၃.၂၀၂၄
Translated by Htwe Ko Tun

ဘရာဇီးလ်နိုင်ငံ၊ ဆော်ပေါလိုပြည်နယ်အတွင်းမှာ မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုကို နှိမ်နင်းဖို့အတွက် ရဲတပ်ဖွဲ့က ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်က စတင်ခဲ့တဲ့ Operation Summer စစ်ဆင်ရေးရဲ့အောက်မှာ ရဲတပ်ဖွဲ့နဲ့မူးယစ်ဆေးဝါးဂိုဏ်းဝင်တွေလို့ သံသယရှိရသူတွေအကြား ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ချိန်အတွင်း သံသယရှိရသူတွေဘက်က ၄၇ ဦးသေဆုံးခဲ့ကာ ရာဇဝတ်ကောင် ၉၂၁ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆော်ပေါလို လုံခြုံရေးဌာနက အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။

ထောင်ပေါင်းများစွာသော ရဲအရာရှိများကို ဆော်ပေါလိုဒေသအတွင်း မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွက် ဒီဇင်ဘာလ ၁၆ ရက်ကပင်စ၍ တပ်ဖြန့်ချထားခဲ့သည်။ ဆော်ပေါလိုပြည်နယ်အတွင်းရှိ ဆန်တို့စ်မြို့က လက်တင်အမေရိကဒေသအတွင်း အကြီးဆုံးဆိပ်ကမ်းမြို့လည်းဖြစ်ကာ ဒုစရိုက်ဂိုဏ်းများစုဝေးအခြေစိုက်ရာ တရားမဝင် သွင်းကုန်ထုတ်ကုန်များ ပြုလုပ်ရာမြို့လည်းဖြစ်သည်။

သို့ရာတွင် အစိုးရမဟုတ်သောအဖွဲ့အစည်းများကမူ ရဲတပ်ဖွဲ့က စစ်ဆင်ရေးကာလအတွင်း ဥပဒေနှင့်မညီ သတ်ဖြတ်မှုများနှင့် အရပ်ဖက်ပြည်သူများအား ညှင်းပန်းနှိပ်စက်မှုများရှိနေကြောင်းပြောခဲ့ပြီး မတ်လအဆန်းပိုင်းတွင်မူ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ အဆိုပါစစ်ဆင်ရေးအား ရပ်ဆိုင်းရေးတောင်းဆိုပေးရန် ပြောကြားခဲ့ကြသည်။

လူ့အခွင့်အရေးကောင်စီ က ယခင်ကလည်းနိုင်ငံအတွင်း ဘရာဇီးလ်ရဲတပ်ဖွဲ့အနေဖြင့် အကြမ်းဖက်မှုများနှင့် အာဏာစက်ပြင်ပမှ သတ်ဖြတ်မှုများရှိသည်ဟု ဆန့်ကျင်ပြောကြားခဲ့သေးသည်။ ၂၀၂၃ ခုနှစ်အတွင်းကဆိုလျှင် ဘရာဇီးလ်နိုင်ငံသား အာဖရိကနွယ်ဖွားအချို့ ရဲတပ်ဖွဲ့၏လက်ချက်ကြောင့် သေဆုံးခဲ့ရကြောင်းလည်းပြောခဲ့သည်။

ပစ်ခတ်မှုများတွင်သေဆုံးခဲ့ရသူအချို့၏ အိမ်ထောင်ဖက်နှင့်ဆွေမျိုးသားချင်းများကလည်းသေဆုံးရသူများမှာ မည်သည့်လက်နက်များမှကိုင်ဆောင်ထားခြင်းလည်းမရှိဘဲ ဆော်ပေါလိုရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့်သေဆုံးခဲ့ရခြင်းဟု စွပ်စွဲခဲ့ကြသည်။

Ref- Alkhaleej Today

Leave a Reply

Your email address will not be published. Required fields are marked *