၁၇.၃.၂၀၂၄
Written by KL

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ မြောက်ပိုင်းရပ်ကွက်တွင် မတ်လ ၁၆ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် ၅ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

မီးလောင်မှုမှာ ဂတ်စ်အိုးပေါက်ကွဲရာမှတဆင့် မီးလောင်သည်ဟု ဒေသခံများထံမှ သိရပြီး မီးလောင်ကျွမ်းမှုမှာ တစ်နာရီကျော်ကြာမြင့်ခဲ့သည်။

“မီးလောင်သွားတဲ့ အိမ်တွေက ပျဥ်ထောင်အိမ်တွေများတယ်။နှစ်ထပ်အိမ်တွေလည်းပါသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

မီးလောင်မှုကို ကသာခရိုင်နှင့် ကသာမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဥ် (၁) စီး၊ မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ ရေသယ်ယာဉ်(၂)စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရသည်။

Leave a Reply

Your email address will not be published. Required fields are marked *