၁၅. ၃. ၂၀၂၄
Translated by Htwe Ko Tun

ဖိလစ်ပိုင်နိုင်ငံတွင် အွန်လိုင်းလိမ်လည်မှုများပြုလုပ်နေသော ကျားဖြန့်စခန်းတစ်ခုကို ရဲတပ်ဖွဲ့က မတ်လ ၁၄ ရက်တွင် ဝင်ရောက်စီးနင်းခဲ့ရာ အဓမ္မအလုပ်စေခိုင်းခြင်းခံနေရသူ ရာနှင့်ချီ၍ကယ်ဆယ်နိုင်ခဲ့ပြီး ထိုလုပ်ငန်းနှင့်ပတ်သက်နေသည်ဟု မသင်္ကာသူရှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။

မြို့တော်မနီလာ၏မြောက်ဘက်ရှိ အဆိုပါ အွန်လိုင်းလိမ်လည်မှုကျားဖြန့်စခန်းမှ လွတ်မြောက်လာသူ ဗီယက်နမ်နိုင်ငံသားတစ်ဦးထံမှ ရရှိသော သတင်းအစအနအရ ရဲတပ်ဖွဲ့က ထိုစခန်းတွင် အွန်လိုင်းလိမ် လည်မှုများပြုလုပ်ရန် စေခိုင်းခံနေရသော လူကုန်ကူးခံထားရသူများအား ကယ်ဆယ်ခဲ့ခြင်းဟု ပြောခဲ့သည်။

ကယ်ဆယ်ရရှိသူများက အဆိုပါစခန်းတွင် အချစ်ဇာတ်လမ်းလိမ်လည်မှုများ၊ သံယောဇဉ်စွဲလန်းမှုလိမ် လည်မှုဇာတ်လမ်းများ၊ ခရစ်ပ်တိုကာရန်ဆီခေါ် အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် အခြားသောအွန်လိုင်း လိမ်လည်ရိုက်စားမှု အမျိုးမျိုးကိုပြုလုပ်နေသည်ဟုပြောခဲ့ကြကြောင်း ဝင်ရောက်စီးနင်းမှုကို ခေါင်းဆောင်သူ ဒုစရိုက်မှုနှိမ်နင်းရေးတပ်ဖွဲ့ ညွှန်ကြားရေးမှူး ဂီလ်ဘလာတို ခရုဇ်က ပြောခဲ့သည်။

အဆိုပါစခန်းတွင် တရုတ်နိုင်ငံသား ၄၃၂ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၃၇၁ ဦး၊ ဗီယက်နမ်နိုင်ငံသား ၅၇ ဦး၊ မ လေးရှားရှစ်ဦး၊ တရုတ်တိုင်ဝမ်နိုင်ငံသား သုံးဦး၊ အင်ဒိုနီးရှားနိုင်ငံသား နှစ်ဦးနှင့် ရဝါဒမ် နိုင်ငံသား နှစ်ဦးတို့ကို ရဲတပ်ဖွဲ့က တွေ့ရှိကယ်ဆယ်ခဲ့သည်။

တစ်ဆယ် ဟက်တာ ကျယ်ဝန်းသော ဝင်းအတွင်းရှိ ထိုစခန်းက အင်တာနက် ဂိမ်းကစား ကုမ္ပဏီတစ်ခုအဖြစ် ဟန်ဆောင်ထားခြင်းဟု သိရသည်။ အဆိုပါ ဝင်းအတွင်း ရုံးအဆောက်အအုံနှင့် အဆောင်များ ၃၆ ခုကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။

တရားခံ ရှစ်ဦးကိုမူ ဥပဒေနှင့်မညီ ဖမ်းဆီးချုပ်နှောင်မှုများနှင့် လူကုန်ကူးမှုလုပ်ငန်းပြုလုပ်မှုတို့ဖြင့် ရဲတပ်ဖွဲ့က အရေးယူဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အရှေ့တောင်အာရှဒေသတစ်ဝန်းတွင် ကျားဖြန်ု့စခန်းဟုခေါ်ကြသော အွန်လိုင်းလိမ်လည်မှုစခန်းများက များပြားစွာပေါ်ပေါက်လျက်ရှိရာ ဒုစရိုက်အသင်းအဖွဲ့များက အလုပ်သမားများကို လှည့်ဖြားခေါ်ယူခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် အတင်းအကျပ်ခိုင်းစေခြင်းများပါ ပြုလုပ်လျက်ရှိကြသည်။

Ref- CNA

Leave a Reply

Your email address will not be published. Required fields are marked *

Related News