၁၃. ၃. ၂၀၂၄
Written by Nay Moe

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ဒါးစမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နဲ့ ဒါးစမ်းကျေးရွာ ရွာဦးကျောင်းက ဆရာတော်တစ်ပါးကို PDF အဖွဲ့ဝင်တွေက ဝင်ရောက်သတ်ဖြတ်မှု ဒီနေ့မနက်ကဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ ကနဦးသိရပါတယ်။

ဖြစ်စဥ်က ဒီနေ့ မတ်လ ၁၃ ရက် နံနက် ၃ နာရီခွဲခန့်က ဒါးစမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်ဟာ ဒါးစမ်းရွာ ဘုရားကုန်းပေါ် ရောက်ရှိနေချိန် PDF အဖွဲ့ဝင် ၅၀ ကျော် ရောက်လာပြီး သေနတ်နဲ့ ဦးခေါင်းကို ပစ်ခတ်သတ်ဖြတ်သွားသလို ဒါးစမ်းကျေးရွာ ဘုန်းကြီးကျောင်းက ဆရာတော်ကိုလည်း ဦးနိုင်ဝင်းအောင်ကို လက်ခံထားမှုနဲ့ ဦးခေါင်းကို ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

ဒါးစမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နဲ့ ဒါးစမ်းကျေးရွာ ဘုန်းကြီးကျောင်းက ဆရာတော်တစ်ပါးကို သတ်ဖြတ်တဲ့အပြင် ဦးနိုင်ဝင်းအောင်ရဲ့ဇနီးဖြစ်သူကိုပါ PDF တွေက ဖမ်းဆီးသွားပြီး လက်ရှိအဖြစ်မှာတော့ ကျူးလွန်တဲ့ PDF အဖွဲ့က ဝန်ခံချက်ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

နွေဦးတော်လှန်ရေးစတင်ချိန်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၀၀၀ ပတ်လည်၊ ဆရာဆရာမ ၈၀ နီးပါးနဲ့ ကျောင်းသားကျောင်းသူတွေစတဲ့ ပြည်သူ ၆၈၈၀ ကျော်ဟာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NLD, NUG, PDF၊ EAOs တို့ရဲ့ သတ်ဖြတ်မှုခံထားရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *