၈. ၃. ၂၀၂၄
Written by Pan Ei

ကနေဒါနိုင်ငံ မြို့တော်အော့တဝါမှာ ဗုဒ္ဓဟူးနေ့ (မတ် ၆ ရက်) နှောင်းပိုင်းက မိခင်တစ်ဦးနဲ့ ကလေးငယ်လေးဦး အပါအဝင် သီရိလင်္ကာက လူခြောက်ဦး နေအိမ်မှာပဲ ဓားနဲ့ထိုးသတ်ခံခဲ့ရမှုကြောင့် သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပြီး အစုလိုက်အပြုံလိုက် လူသတ်မှု ရှားပါးတဲ့နိုင်ငံကို တုန်လှုပ်သွားစေခဲ့ပါတယ်။

ဝန်ကြီးချုပ် ဂျက်စတင် ထရူဒိုက အဆိုပါ ဖြစ်စဉ်ကို “ကြောက်မက်ဖွယ် ကြေကွဲစရာ” လို့ ခေါ်ဝေါ်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း မိသားစုရဲ့ ဖခင်ဖြစ်သူလည်း ဒဏ်ရာရရှိခဲ့ကာ ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

လူခြောက်ဦးကို ဓားနဲ့ ထိုးသတ်တယ်လို့ သံသယရှိသူက သီရိလင်္ကာနိုင်ငံက အသက် ၁၉ နှစ်အရွယ် ကျောင်းသား Febrio De-Zoysa ဆိုသူဖြစ်ပြီး သူ့ကို ပထမအဆင့် လူသတ်မှု ခြောက်ခုနဲ့ လူသတ်မှု ကျူးလွန်မှု၊ ကြိုးပမ်းမှု ပုဒ်မတွေနဲ့ စွဲချက်တင်ထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ De-Zoysa ဟာ ကျူးလွန်ခံရတဲ့ မိသားစုကို သိပြီး အိမ်ထဲမှာရှိနေတာကိုလည်း သိခဲ့ကာ သူနဲ့ ကျူးလွန်ခံရတဲ့ မိသားစုဟာ အရင်က ဆက်ဆံမှု မရှိခဲ့ကြောင်း ရဲတွေက ပြောကြားခဲ့ပါတယ်။

သေဆုံးသူတွေက အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ သူမရဲ့ ကလေးတွေဖြစ်တဲ့ အသက် ခုနစ်နှစ်၊ လေးနှစ်၊ နှစ်နှစ်၊ နှစ်လအရွယ် ကလေးတွေနဲ့ မိသားစုဝင်တစ်ဦးဖြစ်တဲ့ အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်ကြပါတယ်။

အော့တဝါ မြို့တော်ဝန် မာ့ခ် ဆတ်တလစ်ကလည်း ဆိုရှယ်မီဒီယာက ပို့စ်တစ်ခုမှာ “ဒါဟာ ကျွန်တော်တို့ရဲ့မြို့သမိုင်းမှာ တုန်လှုပ်ဖွယ်ရာ အကြမ်းဖက်မှုတွေထဲက တစ်ခုဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

လူဦးရေ ၁ သန်းရှိတဲ့ အော့တဝါမြို့ဟာ ၂၀၂၃ ခုနှစ်မှာ လူသတ်မှု ၁၄ မှုနဲ့ ၂၀၂၂ ခုနှစ်မှာ ၁၅ မှုသာ ဖြစ်ပွားခဲ့ပေမဲ့ ကနေဒါနိုင်ငံမှာတော့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေဟာ မကြာခဏ ဖြစ်လေ့ရှိပါတယ်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလက အနောက်ပိုင်း ဆတ်စ်ကတ်ချဝမ်ပြည်နယ်မှာ အမျိုးသားတစ်ဦး ဓားနဲ့ ထိုးသတ်မှုကြောင့် လူ ၁၁ ဦး သေဆုံးခဲ့ပြီး အဲ့ဒီကျူးလွန်သူကလည်း ဖမ်းဆီးခံရပြီး မကြာခင် ကိုကင်းအလွန်အကျွံသောက်မိလို့ သေဆုံးသွားခဲ့ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *