April 29, 2024

၈. ၃. ၂၀၂၄
Written by Thinzar

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၊ ငယှန်ကျေးရွာအနီးတွင် တပ်မတော်စစ်ကြောင်းနှင့် PDF များ တိုက်ပွဲဖြစ်ပွားရာမှ PDF အလောင်း ( ၄) လောင်းနှင့်အတူ လက်နက်များကို လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်တွင် မတ်လ ၇ ရက် ညနေ ၄ နာရီကျော်က ငယှန်ကျေးရွာအနီးတွင် PDF များ ဆက်ကြေးကောက်ခံနေသည်ဟု သတင်းရရှိသောကြောင့် ဖြစ်စဥ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရာ PDF များနှင့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း PDF ၄ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။

ထိုအပြန်အလှန်ပစ်ခတ်မှုအပြီးတွင် PDF အလောင်း ( ၄) ခု၊ အမ်-၂၂ သေနတ် ( ၄) လက်၊ အမ်-၂၂ ကျည်အိမ် ၂ ခု၊ အမ်- ၂၂ ကျည်အိမ် ၈ တောင့်တို့ကို လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းရရှိကြောင်း သိရသည်။

Photo – Credit

Leave a Reply

Your email address will not be published. Required fields are marked *