၇. ၁၂. ၂၀၂၂

ရိုက်ကူး၊ တင်ဆက် – ဟေမာ

ပုဂံမြို့ဟောင်းဒေသရဲ့ သဗ္ဗညုဘုရား မြင်းလှည်းဂိတ်မှာတော့ အလှဆင်ထားတဲ့ မြင်းလှည်းတွေ အစီးရေ အတော်များများ အခု ၂၀၂၂ ခရီးသွားရာသီနဲ့ ၂၀၂၃ အတွက် ပြန်လည်အားယူပြင်ဆင်နေကြပါပြီ။

ပုဂံမြို့ဟောင်းမှာ အရင်က မြင်းလှည်းအစီးရေ ၃၁၈ စီး အလုပ်လုပ်ခဲ့ပေမယ့် ကိုဗစ်ကာလကို ဖြတ်ကျော်ပြီး အခု ခရီးသွားရာသီ အဖွင့်မှာတော့ အစီးရေ ၁၀၀ ကျော်သာ ပြန်လည်လုပ်ကိုင်နိုင်သေးတာပဲ ဖြစ်ပါတယ်။

ဒါဟာ ဘာတွေကြောင့်လဲဆိုရင်တော့ လက်ရှိအချိန်အထိ ဧည့်သည် အဝင်နည်းနေပြီး လာတဲ့ဧည့်သည်တွေကလည်း မြင်းလှည်းမစီးကြတော့တာပါ။

စျေးနှုန်းတွေကလည်း သင့်ပါတယ်။ သဗ္ဗညု၊ ရွှေဂူကြီး၊ အာနန္ဒာ တစ်ပတ်ကိုမှ လှည်းတစ်စီး ကျပ် ၅၀၀၀ ပါ။ မြင်းလှည်းဆရာ အပါ လူ ၃ ဦး စီးနိုင်ပါတယ်။

ပုဂံမြို့ဟောင်းနဲ့ ပဏာရတဲ့ မြင်းလှည်းတွေ ဆက်လက်ရပ်တည်နိုင်ဖို့ ပုဂံရောက်ရင် မြင်းလှည်းတော့ စီးဖြစ်အောင် စီးပေးပါလို့ မြင်းလှည်းဆရာတွေက MT News ကတစ်ဆင့် ပန်ကြားလာသလို စီးသူမရှိသလောက်နည်းလာတဲ့ ပုဂံကမြင်းလှည်းဆရာတွေရဲ့ အခက်အခဲကိုလည်း MT News ရဲ့ ဒီရုပ်သံလေးမှာ နားဆင်နိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News