၇. ၃. ၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းနှင့် ဗားဂရာလမ်းထောင့် ရှမ်းလမ်းမီးပွိုင့်တွင် မတ်လ ၆ ရက် ညနေပိုင်းက အငှားယာဥ်မီးလောင်မှုမှာ အင်ဂျင်ခန်းရှိဖျုးစ်ခုံ ရှော့ခ်ဖြစ်ရာမှ အနီးရှိဝါယာကြိုးများကို မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

ထိုဖြစ်စဥ်တွင် TOYOTA COROLLA အဖြူရောင် အငှားယာဥ် မီးလောင်မှုမှာ ၅ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး ဖျုးစ်ခုံ၊ ဝါယာကြိုး၊ ဘတ္ထရီအိုးတို့မီးကူးစက် လောင်ကျွမ်းခဲ့သည်။

မီးလောင်မှုကြောင့် အငှားယာဥ်မောင်း အသက် ၃၃ နှစ်အရွယ် ဦးဇော်မောင်မောင်ကို စမ်းချောင်းမြို့မရဲစခန်းက ပုဒ်မ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အလားတူ မတ်လ ၆ ရက် နေ့လယ် ၃ နာရီ မိနစ် ၅၀ ခန့်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၆၅ ရပ်ကွက်၊ သိမ်ကျောင်းလမ်းဆုံတွင် ကားတစ်စီးမှာ ၂ မိနစ်ကြာ မီးလောင်မှုဖြစ်ပွားခဲ့၍ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *