၇.၃.၂၀၂၄
Written By Thandar

လျှို့ဝှက်ဆန်းကြယ် မှော်ဝင်ဇာတ်လမ်းပုံစံ “ပုဂ္ဂလစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲနဲ့စာနယ်ဇင်းမိတ်ဆက်ပွဲကို ယနေ့ မတ်လ ၇ ရက် နံနက် ၇ နာရီက ရန်ကုန်မြို့ ကျိုက္ကဆံဘုရားဝန်းမှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ တတိယမြောက် ရုပ်ရှင်ဇာတ်ကားပါ။ Horror Suspense ဇာတ်လမ်း ဇာတ်အိမ်ကလည်းကောင်းတယ်။ ကျွန်တော် ရှေ့မှာ ရိုက်ခဲ့တဲ့ကားတွေ ဝတ္ထုတွေမှာလည်း အားလုံးစိတ်ထည့်လုပ်ထားသလို ဒီကားအတွက်လည်း အများကြီးအားစိုက်ထားပါတယ်။ အကိုရိုက်မဲ့ကားမို့ ပါဝင်ပေးကြတဲ့ သရုပ်ဆောင်အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီကားအတွက်လုပ်နိုင်သလောက်အစွမ်းကုန် ကြိုးစားရိုက်ကူးသွားမှာပါ “လို့ ဒါရိုက်တာ သိုးဆောင်းက ပြောပါတယ်။

အဆိုပါဇာတ်ကားအတွက် ဇာတ်လမ်း နဲ့ ဇာတ်ညွှန်းမယ်ခိုင်က ရေးသားပြီး ဒါရိုက်တာ သိုးဆောင်းက ပရိသတ်စိတ်ဝင်စားစရာ ထူးခြားသလို မှော်ဝင်ဆန်တဲ့ဇာတ်လမ်းပုံစံကို လာမယ့် မတ်လ ၉ ရက်မှာ ရန်ကုန်မြို့မှာ စတင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။

သရုပ်ဆောင် အကယ်ဒမီ ကျော်ရဲအောင်၊ ရှင်မွေလ၊ အောင်လေး၊ တီစော၊ လွင်မင်းသန့်၊ ပိုင်ကြီး(ခ)ပိုင်စိုးစံ၊ မင်းနေလင်း ၊ အကယ်ဒမီ မေမြင့်မိုရ် ၊ အထူးဧည့်သည်သရုပ်ဆောင် မိစန္ဒီတို့က ပါဝင်ကြမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *