၇. ၃. ၂၀၂၄
Translated by Htwe Ko Tun

ရုရှားကပစ်လွှတ်ခဲ့သော ဒုံးပျံတစ်စင်းက ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးနှင့် ဂရိဝန်ကြီးချုပ် မစ်ဆိုတာကီးစ်တို့လိုက်ပါလာသော ယာဉ်တန်းမှ မီတာ ၅၀၀ ခန့်အကွာ ပင်လယ်နက်ဆိပ်ကမ်းမြို့ဖြစ်သော အိုဒက်ဆာမြို့အတွင်းသို့ မတ်လ ၆ ရက် က ကျရောက်ထိမှန်ခဲ့ကြောင်း သတင်းများအရ သိရသည်။

ခေါင်းဆောင်နှစ်ဦးလိုက်ပါလာသော ယာဉ်တန်းက ဒုံးပျံထိမှန်မှု၏ သက်ရောက်မှုဒဏ်ကို ကောင်းစွာ သိရှိခဲ့ကာ မှိုပွင့်သဏ္ဍာန်မီးခိုးလုံးကြီးကိုလည်း ၎င်းတို့က တွေ့မြင်ခဲ့ရသည်ဟုဆိုသည်။ အဆိုပါ ဒုံးပျံ တိုက်ခိုက်မှုကြောင့် လူငါးဦးသေဆုံးကာ ထိမှန်ဒဏ်ရာရသများလည်းရှိခဲ့သည်။

ခေါင်းဆောင်နှစ်ဦးစလုံးတွင် ထိခိုက်မှုများမရှိခဲ့သော်လည်း ဇယ်လန်စကီးက ဒုံးပျံကျရောက်ထိမှန်မှုကို ၎င်းတို့အနေဖြင့် ကောင်းစွာတွေ့ရှိရကာ အသံကိုလည်းကောင်းစွာကြားခဲ့ရကြောင်း ပြောခဲ့သည်။ ၎င်းက နိုင်ငံကိုကာကွယ်ရန် လေကြောင်းကာကွယ်ရေးစနစ်တစ်ရပ် လိုအပ်နေကြောင်းလည်း ပြောခဲ့သည်။

မစ်ဆိုတာကီးစ်က ရုရှားတို့၏တိုက်ခိုက်မှုများကြောင့် ကြီးမားစွာပျက်စီးနေသော အိုဒက်ဆာမြို့အား ဇယ်လန်စကီးက ၎င်းအား လိုက်လံပြသခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

ဇယ်လန်စကီးက အန္တရာယ်များသော ဒေသများသို့လည်း မကြာခဏသွားရောက်လေ့ရှိသည်။ သို့သော် ယခုတစ်ကြိမ်က ရုရှားဘက်မှတိုက်ခိုက်မှုမှာ ၎င်းနှင့်အနီးကပ်ဆုံးနေရာသို့ ထိမှန်ခြင်းလည်းဖြစ်သည်။

Ref- CNN

Leave a Reply

Your email address will not be published. Required fields are marked *