၆. ၃. ၂၀၂၄
Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် ဆင်ရေကန်လမ်းမှာ ရှေ့နေတစ်ဦးဓားခုတ်ခံရပြီး လက်ချောင်းပြတ်ထွက်ကာ သွေးထွက်များတဲ့ ပြင်းထန် ဒဏ်ရာတွေရရှိခဲ့တဲ့ဖြစ်စဥ် မနေ့က မတ်လ ၅ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီပေးခဲ့တဲ့ ပြည်သူလူရွှင်တော်အသင်းထံကနေ သိရပါတယ်။

ဘာကြောင့် ဓားခုတ်မှု ဖြစ်ပွားရပြီး ဘယ်နှစ်ဦးက ဝိုင်းဝန်းထိုးခုတ်မှန်းသေချာမသိရှိရဘဲ ကားဝပ်ရှော့ဝင်းအတွင်း ကားရေးဆေးနေစဥ် ဖြစ်တာလို့သာ အကြမ်းဖျင်း သိရပါတယ်။

ဓားခုတ်ခံရတဲ့အတွက် ရှေ့နေဖြစ်သူမှာ ညာဘက် လက်ညိုး လက်မ ပြတ်ထွက် ဒဏ်ရာ၊ ဘယ်ဘက် လက်ကောက်ဝတ် ပြတ်ရှ ဒဏ်ရာနဲ့ ညာဘက် ဒူးကောက်ကွေး ပြတ်ရှဒဏ်ရာ အပြင်းအထန်ရရှိခဲ့တာကြောင့် သွေးထွက်မလွန်စေဖို့ အရေးပေါ် မြေပြင်ကုသမှုနဲ့ အတူ ရန်ကုန်ဆေးရုံကြီးဆီ တာဝန်ရှိသူတွေက အမြန်ဆုံး ပို့ဆောင်စေကာ စစ်ဆေးမေးမြန်းမှု ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *