၆. ၃. ၂၀၂၄
Written by Hey Mar

ဒီနေ့ မတ်လ ၆ ရက်နေ့ မနက် ၉ နာရီ ၂၀ မိနစ်ဝန်းကျင်ခန့်က ကမ္ဘာအေးဘုရားလမ်းပေါ် ကမ္ဘာအေးစေတီ မုခ်ဦးဝအရှေ့မှာ ယာဥ်ငယ် သုံးစီး ဆင့်တိုက်မှု ဖြစ်ပွားပြီး ကလေးနဲ့ အမျိုးသမီးတချို့ ဒဏ်ရာရရှိခဲ့တယ်လို့ ဖြစ်စဥ်ကို မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ မြန်မာ့ကြယ်ဖြူ လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

ဖြစ်စဥ်က ဘုရားဝန်းထဲက ထွက်လာတဲ့ တက္ကစီယာဥ်ရဲ့ နောက်ပိုင်းကို လမ်းကိုတည့်ကြောက ဖြတ်လာတဲ့ Mark ll ယာဥ်က အရှိန်နဲ့ဝင်တိုက်တာကြောင့် အတိုက်ခံရတဲ့တက္ကစီက သူ့ရှေ့ကတခြား အဖြူရောင်တက္ကစီယာဥ်ကို ထပ်ဆင့်တိုက်မိတာလို့ သိရပါတယ်။

အဆိုပါယာဥ်တိုက်မှု ဖြစ်စဥ်ကြောင့် တက္ကစီပေါ်ပါ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဦးခေါင်းဖူးယောင်နာကျင် ၊ ပါးစောင်ဖူးယောင်နားကျင်ဒဏ်ရာတွေရရှိခဲ့ကာ၊ အသက် ၆နစ်အရွယ် သားငယ်မှာ နှာခေါင်းသွေးထွက် ၊ ဒူးခေါင်းပွန်းပဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိတဲ့ လူနာတွေကို မြန်မာကြယ်ဖြူလူမှုကူညီရေးအသင်းက မြေပြင်ကုသမှု လုပ်ငန်းစဥ်တွေ ပြုလုပ်ပေးခဲ့ပြီး တာဝန်ရှိသူတွေ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နိုင်ဖို့ မြောက်ဥက္ကလာ ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *