ဆေးရုံသို့ပို့ဆောင် ကူညီပေးခဲ့သည့် စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့၏ ယာဥ်နှစ်စီးမြင်ကွင်း (ဓာတ်ပုံ - ရဲသူရိန်)
၅. ၃. ၂၀၂၄
Written by Hey Mar
အသက် ၂၀ ကျော်အရွယ်စုံတွဲ စကားများရန်ဖြစ်ရာက အမျိုးသားက အမျိုးသမီးကို ဓားနဲ့နဲ့ရန်ပြုပြီး ကိုယ်တိုင်လည်း အထပ်မြင့်တိုက်ပေါ်ကနေ ခုန်ချခဲ့တဲ့ ဖြစ်စဥ် မနေ့က မတ်လ ၄ ရက်နေ့ ည ၉ နာရီ အချိန်ခန့်က စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းမှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတချို့ထံက သိရပါတယ်။
ဖြစ်စဥ်က ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းမပေါ်မှာရှိတဲ့ ဟိုတယ်တစ်ခုရဲ့ ၇ လွှာကနေ ခုန်ချတာလို့ သိရှိရပြီး ခုန်ချတဲ့ အမျိုးသားကို အသက်ရှင်လျှက် ရန်ကုန်ဆေးရုံကြီးဆီ တင်ပို့ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
မျက်မြင်ဒေသခံက “အပေါ်မှာဖြစ်တဲ့ ကိစ္စအခြေအနေတော့ သေချာမသိပါဘူး။ ကောင်လေးက ခုန်ချလာတာမှာ အောက်မှာ ဖုန်းကြိုးတွေ ဝါယာကြိုးတွေရှုပ်နေတဲ့အပေါ်ပြုတ်ကျပြီးမှ မြေပြင်ပေါ်ကျတာ။ ရဲတွေ ရပ်ကွက်လူကြီးတွေ မီးသတ်တွေ ရောက်လာပြီး လူနာတင်ကားနဲ့ ခေါ်သွားကြတယ်”လို့ MT News ကို ပြောပါတယ်။
အဆိုပါဖြစ်စဥ်ကို စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့ သူနာတင်ယာဥ်နှစ်စီးနဲ့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသဌာနဆီ ပို့ဆောင်ပေးခဲ့ပြီး အခု မတ်လ ၅ ရက်နေ့ မနက်ပိုင်း ရရှိတဲ့ သတင်းတွေအရ နှစ်ဦးစလုံး အသက်ရှင်လျှက် ကုသမှု ခံယူနေဆဲလို့ သိရပါတယ်။
