၄.၃.၂၀၂၄
Written By Thandar

Romance Comedy ဇာတ်လမ်းပုံစံ ရွှေဖူးစာ ရုပ်ရှင်ဇာတ်ကားကြီး Premier Show ပွဲကို ယနေ့ ‌မတ်လ ၄ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ရာ ပိုင်တံခွန် နဲ့ ဖွေးဖွေးတို့ တက်ရောက်ခဲ့ပါတယ်။

“ဒီကားလေးက ၂၀၂၀ လောက်က ရိုက်ထားတာပါ။ တကယ်လည်း စိတ်ကျေနပ်ရတဲ့ ဇာတ်ကားလေးပါ။ ဒီဇာတ်ကားမှာပါဝင်ထားတဲ့ သရုပ်ဆောင်တွေအားလုံးကလည်း တစ်ခန်းမှကို မလျော့ဘဲ ကြိုးစားထားတာပါ” လို့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ပြောပါတယ်။

ဖိုးဝရုပ်ရှင်ထုတ်လုပ်ရေးက အဆိုပါဇာတ်ကားကို ဝတ္ထု ပုညခင်၊ ဇာတ်ညွှန်းမယ်ခိုင်က ရေးသားပြီး ဒါရိုက်တာပွင့်သိင်္ဂီဇော်(အရုဏ်ဦး)က သရုပ်ဆောင် ပိုင်တံခွန်၊ အကယ်ဒမီ ဖွေးဖွေး၊ ကောင်းမြတ်စံ၊ ယွန်းဝတီလွင်မိုးစတဲ့ အနုပညာရှင်တွေနဲ့ ရိုက်ကူးထားပါတယ်။

“ဒီကားလေးက လွန်ခဲ့တဲ့လေးနှစ်ကရိုက်ခဲ့တာဖြစ်ပေမယ့် ခုချိန်မှာ ပရိသတ်တွေအတွက် အမောပြေစေမယ့် ဇာတ်ကားလေးဖြစ်မယ်လို့ ယုံကြည်ပါတယ်” လို့ သရုပ်ဆောင် ပိုင်တံခွန်က ပြောပါတယ်။

ရွှေဖူးစာ ရုပ်ရှင်ဇာတ်ကားကို လာမယ့် မတ်လ ၈ ရက်မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *