TU-141 မောင်းသူမဲ့လေယာဉ်တစ်စီးကို ယူကရိန်းမြိုတော်၊ ကီးယက်ဗ် ရှိ ပစ်လွှတ်စင်တစ်ခု၌ တွေ့ရစဉ်

၆. ၁၂. ၂၀၂၂
Translated by Htwe Ko Tun

အမေရိကန်နှင့် မဟာမိတ်များက ယူကရိန်းအစိုးရသို့ လက်နက်များထောက်ပံ့ခဲ့ကြပြီး ထောက်လှမ်းရေးအချက်များပါ ပံ့ပိုးမှုများအား လွန်ခဲ့သည့်လများအတွင်း ပြုလုပ်ခဲ့ကြရာ ယူကရိန်းတပ်ဖွဲ့များက ၎င်းတို့ကိုအသုံးပြုလျက် ရုရှားတပ်ဖွဲ့ဝင်များ၊ စစ်အခြေစိုက်စခန်းများနှင့် အရပ်ဖက်အဆောက်အဆောက်အအုံများကိုပါ တိုက်ခိုက်ခဲ့ကြကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့သည်။

ဒီဇင်ဘာ ၅ ရက်တွင် ဆိုဗီယက်ခေတ်ကထုတ်လုပ်ထားသော ဂျက်အင်ဂျင်တပ် မောင်းသူမဲ့လေယာဉ်များကို အသုံးပြုကာ ရုရှားနိုင်ငံ ဆာရာတော့ဗ်နှင့် ရာဇန်ဒေသများရှိ စစ်စခန်းများကို ယူကရိန်းက တိုက်ခိုက်ရန်ကြိုးစားခဲ့ကြောင်း၊ ၎င်းက ရုရှားလေတပ်၏ တာဝေးပျံသန်းနိုင်စွမ်းကို ထိုးနှက်ရန်ပင်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်တွင်ဖေါ်ပြခဲ့သည်။

မောင်းသူမဲ့လေယာဉ်များက အနိမ့်မှပင် ပျံသန်းလာကြရာ ရုရှားလေကြောင်းကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။ သို့သော် ရုရှားတပ်ဖွဲ့ဝင်သုံးဦးသေဆုံးကာ လေးဦးဒဏ်ရာရခဲ့ကြောင်း၊ မောင်းသူမဲ့လေယာဉ်နှစ်စီး၏ ကိုယ်ထည်အပျက်အစီးများကိုတွေ့ရကြောင်း ရုရှားစစ်ဘက်က ပြောခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကမူ ယူကရိန်းဘက်ကအသုံးပြုခဲ့သော မောင်းသူမဲ့လေယာဉ်အမျိုးအစားများကို အမည်ဖော်ပြပြောကြားခြင်းမရှိခဲ့ပေ။ သို့ရာတွင် ဂျက်အင်ဂျင်တပ်ထားသော မောင်းသူမဲ့လေယာဉ်များဟုဆိုသောကြောင့် ဆိုဗီယက်ခေတ် ၁၉၇၀ ပြည့်လွန်အလယ်ပိုင်းနှစ်များက ထုတ်လုပ်ခဲ့ပြီး ဆိုဗီယက်စစ်တပ်တွင် ၁၉၈၉ ခုနှစ်အထိ ကင်းထောက်ရန်အသုံးပြုခဲ့သော TU-141 မောင်းသူမဲ့လေယာဉ်တစ်မျိုးဟု ယူဆရသည်။

Ref, Sputnik News

Leave a Reply

Your email address will not be published. Required fields are marked *

Related News