၂၈.၂.၂၀၂၄
Written by Hey Mar

မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ အောင်သုခရပ်ကွက်၊ ကျွန်းရွာသွားကားလမ်းဘေးရှိနေအိမ်မှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းက ဓားဒဏ်ရာတွေနဲ့ အမျိုးသမီးနှစ်ဦး သေဆုံးနေတဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့​တယ်လို့ သက်ဆိုင်ရာမှ သိရပါတယ်။

သေဆုံးသူတွေက ဒေါ်ပါးပါးသီ(၅၉)နှစ်နဲ့ ဒေါ်လှလှဝင်း(၅၀)နှစ်တို့ဖြစ်ပြီး နေအိမ်အောက်ထပ်ဧည့်ခန်းမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာလို့ သိရပါတယ်။

သက်ဆိုင်ရာမှ အခင်းဖြစ်နေရာကိုရောက်ရှိကာ ရဲဆေးစာနဲ့အတူ ကျိုက်မရောပြည်သူဆေးရုံကြီးဆီ ဒေသခံလူမှုကူညီရေးအသင်းယာဉ်နဲ့ ပို့ဆောင်ပေးခဲ့ပြီး အမှုဖြစ်စဉ်နဲ့ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေးအတွက်နယ်မြေခံရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ကနဦးသတင်းတွေအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *