၂၇. ၂. ၂၀၂၆
Written by Ye Kyaw

ကိုယ်စားလှယ်အဖြစ် အယောင်ဆောင်ကာ လူမှုကွန်ရက်များတွင် NETA လျှပ်စစ်ကားများကို ရောင်းချနေမှုများရှိနေ၍ အများပြည်သူများ သတိထားရန်နှင့် စာရွက်စာတမ်းအတုများဖြင့် ဝယ်ယူထားရှိမှုများကို လုံးဝ(လုံး၀) တာဝန်ယူမည်မဟုတ်ကြောင်း NETA အမှတ်တံဆိပ် လျှပ်စစ်ကားများကို တရားဝင်ကိုယ်စားလှယ် ရယူထားသည့် Grand Sirius Co., Ltd. (Myanmar)က ယနေ့တွင် အသိပေး ကြေညာထားသည်။

Grand Sirius Co., Ltd. (Myanmar) သည် NETA အမှတ်တံဆိပ် လျှပ်စစ်ကားများကို မြန်မာနိုင်ငံတွင် ဖြန့်ဖြူးရောင်းချရန် NETA ကားများကို ထုတ်လုပ်သော Hozon New Energy Automobile Co., Ltd. (China) မှ တစ်ဦးတည်းသောကိုယ်စားလှယ် (Exclusive Distributor) အဖြစ်ပေးအပ်ထားသော ကုမ္ပဏီဖြစ်သည်။

ထို့ကြောင့် တစ်ဦးတည်းသော ကိုယ်စားလှယ်ခန့်အပ်သော သဘောတူညီမှုစာချုပ် (Exclusive Distributor Agreement)ကို CCPIT “China Council for the Promotion of International Trade” တွင် တရားဝင်မှတ်တမ်းတင်ထားသည့်အပြင် တရုတ်နိုင်ငံရှိ မြန်မာသံရုံးမှ မှန်ကန်ကြောင်း အတည်ပြုပေးထားပြီး ဖြစ်သည်။

ယခုအခါ လူမှုကွန်ရက်များတွင် NETA ၏ ကိုယ်စားလှယ်အဖြစ် အယောင်ဆောင်ပြီး ကားများကို ရောင်းချနေသည်ကို တွေ့ရှိနေသဖြင့် မိဘပြည်သူများ သတိထားမိစေရန်နှင့် ဆုံးရှုံးနစ်နာမှုများ မဖြစ်စေရန်အတွက် ကြိုတင်အသိပေး ထုတ်ပြန်ထားခြင်းဖြစ်သည်။

ထို့သို့ အယောင်ဆောင်သူများသည် NETA ၏ကိုယ်စားလှယ်အဖြစ် စာရွက်စာတမ်းအတုပြုလုပ်ပြီး ရောင်းချမှုရှိလာပါက Grand Sirius Co., Ltd. (Myanmar)မှ တာဝန် လုံးဝ (လုံးဝ) ယူမည်မဟုတ်ကြောင်းနှင့် အယောင်ဆောင်သူများအားလုံးကို တရားဥပဒေအရ ရင်ဆိုင်သွားမည်ဖြစ်ကြောင်းကို ထပ်ဆင့် အသိပေး ထုတ်ပြန်ထားသည်။

NETA ၏ နိုင်ငံအလိုက် ခန့်အပ်ထားသော တရားဝင်ကိုယ်စားလှယ်များကို အောက်ပါ Website နှင့် Email များဖြစ်သည့် www.netaauto.com နှင့် [email protected] တို့တွင် တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ကြောင်းလည်း အသိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *