၂၇. ၂. ၂၀၂၄
Written by Min Mahar

စားသောက်ဆိုင်ထိုင်နေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို PDF လူငယ်နှစ်ဦးက သေနတ်ဖြင့် ၇ ချက်ပစ်ခတ်သတ်ဖြတ်သွားပြီး ဘေးရှိအမျိုးသမီးတစ်ဦးပါ ထိမှန်ကာ ဒဏ်ရာရရှိသွားမှု ချောက်မြို့တွင် ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၆ ရက် ည ၈ နာရီ ၃၀ မိနစ်ခန့်က မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၊ အမှတ်(၁၄) ရပ်ကွက်၊ စစ်ကွင်းရပ်(ဒေသအခေါ်)၊ အောင်ရတနာ ၂ စားသောက်ဆိုင်တွင် အသက် ၄၂ နှစ်အရွယ် ယင်းရပ်ကွက်၏ အုပ်ချုပ်ရေးမှူးသည် ထိုင်စကားပြောနေစဉ် အနော်ရထာတံတားချဥ်းကပ်လမ်းမှ ဆိုင်ကယ်တစ်စီးဖြင့် PDF အဖွဲ့မှ အမည်မသိ အင်္ကျီအနက်ရောင်ဝတ်ဆင်ထားသူနှင့် အင်္ကျီအဖြူရောင်၀တ်ဆင်ထားသူတို့ ၂ ဦးရောက်ရှိလာကာ ဆိုင်အတွင်း၀င်ရောက်ပြီး သေနတ်ဖြင့် ၇ ချက်ခန့်ပစ်ခတ်ခဲ့သည့်အတွက် အုပ်ချုပ်ရေးမှူးမှာ နေရာမှာပင် ပွဲချင်းပြီးသေဆုံးသွား၍ ဘေးတွင် ထိုင်နေသော အသက် ၄၀ ကျော်အရွယ်ခန့်ရှိသည့် အမျိုးသမီးတစ်ဦးပါ ကျည်ထိမှန်၍ ဝမ်းဗိုက်ကို ဘယ်ညာဖောက်၀င်သွားသည့်ဒဏ်ရာ ၂ ချက်(စိုးရိမ်ရ)ရရှိသွားသဖြင့် ဒေသခံလူမှုကူညီရေးမော်တော်ယာဉ်ဖြင့် ချောက်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။ 

အဆိုပါ အခင်းဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားသူ နှစ်ဦးအား နယ်မြေခံရဲစခန်းတွင် အမှုဖွင့်ထား၍ အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ကြိုပမ်းဆောင်ရွက်နေကြကြောင်းလည်း ရဲတပ်ဖွဲ့ဝင်များနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *