၁၈. ၂. ၂၀၂၄
Written by Nay Aung.

မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက် ပိုင်း အစိုးရသည် EV ကားတင်သွင်းခြင်းနှင့်ပတ်သက်ပြီး ကန့်သတ်ချက်များကို ဖြေလျော့ခဲ့သလို ဓာတ်ဆီစွမ်းအင်သုံးကားများ တင်သွင်းခြင်းကို ကန့်သတ်ပိတ်ပင်ခဲ့မှုများကြောင့် မြန်မာနိုင်ငံ၏ EV ကားအရေအတွက်က လက်ရှိအချိန်တွင် ယခင်ထက် ၆ ဆကျော်တိုးလာနေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင်လည်း EV ကား အရောင်းပြခန်းများဖွင့်လှစ်ခြင်းများ ရှိလာနေပြီး အချို့ကုမ္ပဏီများသည် တရုတ်နိုင်ငံထုတ် EV ကားများကို ရောင်းချခြင်းများရှိလာခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် EV ကားနှင့်ဆက်နွှယ်သော စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် လိုင်စင်ကိုင်ဆောင်ထားသည့် ကုမ္ပဏီပေါင်း ၈၅ ခုခန့်ရှိနေသလို EV ကား လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်ရန် ပြင်ဆင်နေသည့် ကုမ္ပဏီများလည်းရှိနေကြောင်း သိရသည်။

မြန်မာအစိုးရသည် ဓာတ်ဆီတင်သွင်းရခြင်းကြောင့် ငွေကြေးကုန်ကျခြင်းများကို ကန့်သတ်နိုင်ရန်အတွက် EV ကားဈေးကွက်ကို တိုးချဲ့ရန်ရည်ရွယ်နေပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ EV ကားနှင့်ပတ်သက်၍ မှတ်ပုံတင်ထားသော ကားအစီးရေ ၂၂၀၀ ကျော်ရှိနေကြောင်း ဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေးဝန်ကြီး ဌာန၏ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် EV ကားပိုင်ဆိုင်ထားသည့်အရေအတွက်သည် ပြီးခဲ့သောနှစ်နှင့်နှိုင်းယှဉ်လျှင် ၆ ဒသမ ၅ ဆကျော်မြင့်တက်လာခဲ့ပြီး ဇန်နဝါရီလအတွင်း EV ကားနှင့်ပတ်သက်၍ မှတ်ပုံတင်သူအရေအတွက် ၁၉၀၀ ကျော် မြင့်တက်လာခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့မှ အကွာအဝေး ၂၀၀ ကီလိုမီတာတွင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားတစ်ဦးက ” Neta EV ကားကို မောင်းနှင်သွားရတာ ဓာတ်ဆီကုန်ကျစရိတ်မှုကို ချွေတာနိုင်ခဲ့တယ်။ မောင်းနှင်ရတာ အေးဆေးတည်ငြိမ်ကောင်းမွန်ပါတယ်” ဟု ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *