၁၃. ၂. ၂၀၂၄
Translated by Thettant

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ရှာဟာခရိုင်မှာ အာသံရိုင်ဖယ်တပ်ဖွဲ့ဟာ ချင်းလူမျိုးတစ်ဦးထံက Walkie Talkie စကားပြောစက်အလုံး ၁၀၀ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

မြန်မာဘက်ကို ပို့ဆောင်မဲ့ ဒီ Walkie Talkie စကားပြောစက် အလုံး ၁၀၀ သယ်ဆောင်လာသူကို ရှာဟာခရိုင်၊ ရှာဟတ်လန်ကွန် လမ်းဆုံမှာ အာသံရိုင်ဖယ်တပ်ဖွဲ့က ဖေ​ဖော်ဝါရီ ၁၀ ရက်မှာ ရှောင်တခင် စစ်ဆေးရှာဖွေနေချိန် ကားတစ်စီးပေါ်ကနေ ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေက အင်တာနာပါဝင်တဲ့ UV-10R Walkie Talkie စကားပြောစက်အလုံး ၁၀၀ နဲ့ သူ့ဘက်ထရီ၊ အားသွင်းကြိုး အလုံး ၁၀၀ စီဖြစ်ပြီး တန်ဖိုးအားဖြင့် ရူပီးငွေ ၂ သိန်းခန့်ရှိတယ်လို့ သိရပါတယ်။

ဒီစက်ပစ္စည်းတွေ သယ်လာသူက ချင်းပြည်နယ် ဟားခါးမြို့၊ ဒင်လောပါရွာမှာ နေထိုင်တဲ့ အသက် ၃၈ နှစ်အရွယ် Chung Tu ဆိုသူဖြစ်ပြီး လက်ရှိမှာတော့ ဖမ်းမိတရားခံကို ရဲတပ်ဖွဲ့ထံ လွှဲပြောင်းခဲ့သလို သူဟာ လက်နက်ပွဲစားလား၊ PDF လားဆိုတာကို​တော့ အိန္ဒိယက အာဏာပိုင်တွေ ဆက်လက်စစ်ဆေးနေပါတယ်။

Ref, Neindia Broadcast & India Today & Bengvarna

Leave a Reply

Your email address will not be published. Required fields are marked *