၁၀. ၂. ၂၀၂၄
Written by Pan Ei

အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲကို လာမဲ့ ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၁၄ ရက်)မှာ ကျင်းပမှာဖြစ်ပြီး ကိုယ်စား လှယ်လောင်းတွေဟာ မဲများများရရှိစေဖို့ နည်းလမ်းအဖုံဖုံကို အသုံးပြုကာ မဲဆွယ်နေကြလျက်ရှိပြီး အခုအခါမှာ တချို့ကလည်း ကေပေါ့ပ်ပုံစံတွေနဲ့ မဲဆွယ်နေကြပါတယ်။

မြို့တော် ဂျကာတာက ကိုယ်စားလှယ်လောင်း Anie Baswedan အတွက် စေတနာ့ဝန်ထမ်းလူငယ်တွေ ကျင်းပတဲ့ ပွဲတစ်ခုမှာ Anie Baswedan ရဲ့ပုံကို မျက်မှန်တွေတပ်ကာ စတိုင်ကျတဲ့ တောင်ကိုရီးယား ပေါ့ပ်စတားတွေလိုမျိုး ဖိုတိုရှော့နဲ့ ပြုပြင်ထားပြီး မဲဆွယ်တဲ့ ကုန်ပစ္စည်းတွေပေါ်မှာ ကပ်ထားခဲ့ပါတယ်။

အင်ဒိုနီးရှားမှာ BTS နဲ့ တခြားသော ကေပေါ့ပ်အဖွဲ့တွေဟာ အလွန်ရေပန်းစားတာကြောင့် ခုလိုနည်းလမ်းက နိုင်ငံရေးသမားတွေ လူငယ်တွေကို ဆွဲဆောင်နိုင်တဲ့ လမ်းကြောင်းတစ်ခု ဖြစ်နေကာ Gen Y နဲ့ Z တွေက တိုင်းပြည်မဲဆန္ဒရှင်တွေရဲ့ ထက်ဝက်ကျော်ရှိနေတာပါ။

ကြာသပတေးနေ့ညနေခင်းက ကေပေါ့ပ်ပုံစံနဲ့ အလှဆင်ထားတဲ့ မဲဆွယ်ပွဲမှာ ရာနဲ့ချီတဲ့လူအုပ်ကြီးက စုရုံးခဲ့ကြပြီး “များသောအားဖြင့် စည်းရုံးရေးပစ္စည်းတွေက ခေတ်ဟောင်းတွေဖြစ်ပြီး ငြီးငွေ့စရာကောင်းတယ်။ ဒါပေမယ့် ခုဟာက အရမ်းပျော်ဖို့ကောင်းတယ်”လို့ မဲဆွယ်ပွဲကို လာတဲ့ လူငယ်တစ်ဦးက ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ တခြားတစ်ဖက်မှာတော့ ကေပေါ့ပ်ပရိသတ်တွေဟာ မဲဆွယ်စည်းရုံးရေးနည်းဗျူဟာတွေကြောင့် နိုင်ငံရေးအကြောင်းပြောဖို့ စိတ်မဝင်စားကြတော့ဘူးလို့လည်း ဒစ်ဂျစ်တယ်မနုဿဗေဒပညာရှင် Karlina Octaviany က သုံးသပ်ခဲ့ပါတယ်။

Ref; AFP

Leave a Reply

Your email address will not be published. Required fields are marked *