၁၀. ၂. ၂၀၂၄
Photo Tha Doe

ပြည်တွင်းမှာ ခရီးသွားလာတဲ့ပြည်သူတွေ များပြားခြင်းဟာ ထင်ရှားတဲ့အထိမ်းအမှတ်ရှိရာဒေသက ပြည်သူတွေအဖို့ ခရီးသွားလုပ်ငန်းကို မှီပြီး ဝင်ငွေရသလို ဒေသဖွံ့ဖြိုးတိုးတက်ဖို့လည်း အခွင့်အလမ်းကောင်းပါ။

ဒီနေ့ဟာဆိုရင်လည်း စနေ၊ တနင်္ဂနွေပိတ်ရက်နဲ့ ပြည်ထောင်စုနေ့ ပိတ်ရက် သုံးရက်ဆက်နေတာကြောင့် နယ်မြေအေးချမ်းရာဖြစ်တဲ့ ဧရာဝတီတိုင်းဘက်ထွက်ရာ လမ်းတစ်လျှောက်လုံးဟာ ကားတွေပြည့်ကျပ်နေပြီး ခရီးသွားပြည်သူတွေ များပြားနေပါတယ်။ နယ်မြေတည်ငြိမ်အေးချမ်းနေပြီး စစ်ကိုမဖိတ်ခေါ်တဲ့ပြည်သူတွေဟာ အသွားအလာမပျက် ပျော်ရွှင်အေးချမ်း တိုးတက်နေပေမဲ့လည်း စစ်ကိုဖိတ်ခေါ်ကြိုလင့်နေတဲ့သူတွေကတော့ မြို့ပျက်၊ ဘဝပျက်၊ အသက်အိုးအိမ်စည်းစိမ်ပျက်သုဥ်းမှုနဲ့ ရင်ဆိုင်နေကြရတာကိုလည်း အသေအချာတွေးကြည့်ရင် မြင်မှာဖြစ်သလို ကိုယ်တိုင်ဖိတ်ခေါ်စစ်ကြောင့် ဒုက္ခရောက်နေမှ စစ်ကိုမဖိတ်ခေါ်လို့ ပျော်ရွှင်တိုးတက် ခရီးသွားလာမပျက်သူတွေကို မနာလိုမရှုစိမ့်မဖြစ်သင့်ပါဘူးလို့….။

Leave a Reply

Your email address will not be published. Required fields are marked *