၉. ၂. ၂၀၂၄
Written by Nay Moe

မလှိုင်မြို့နယ်၊ မြင်းဦးလှည့်ကျေးရွာခွဲတာဝန်ခံဇနီးမောင်နှံနှင့် အမျိုးသားတစ်ဦးအား PDF များက သုံးလောင်းပြိုင်သတ်ဖြတ်မှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၅ ရက် နံနက် ၇ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ မြင်းဦးလှည့်ကျေးရွာသို့ PDF ခြောက်ဦး (စိစစ်ဆဲ)က ဆိုင်ကယ်ခြောက်စီးဖြင့် ဝင်ရောက်လာပြီး ကျေးရွာ၏ ရွာခွဲတာဝန်ခံ ဦးမောင်ဇော် (၅၂)နှစ်၊ ၎င်း၏ဇနီး ဒေါ်သင်းဦး(၄၀)နှစ်နှင့် အဆိုပါကျေးရွာနေ ဦးကျော်ဇေယျ (၄၅)နှစ်တို့အား သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဦးမောင်ဇော်တွင် ဦးခေါင်းနှင့် လည်ပင်း ကျည်ဖောက်ဝင်ဒဏ်ရာ နှစ်ချက်ဖြင့်လည်းကောင်း၊ ဒေါ်သင်းဦးတွင် ဦးခေါင်းနောက်စေ့၊ ဝဲမျက်ခုံး၊ ဝဲရင်အုံနှင့် ခါးတို့၌ ကျည်ဖောက်ဝင်ဒဏ်ရာလေးချက် ဖြင့်လည်းကောင်း၊ ဦးကျော်ဇေယျတွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာ၊ လည်ပင်းနှင့် ရင်ဘတ်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာသုံးချက် တို့ဖြင့်လည်းကောင်း သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် သေဆုံးသူများအား မလှိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးတာဝန်ရှိသူများ၊ ဆရာဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်း ၁၁၂၄ ဦးနှင့် ကျောင်းသားကျောင်းသူများ စသည့် ပြည်သူ ၆၈၈၀ ကျော်မှာ “ဒလန်၊ သူလျှိူ၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF၊ EAOs တို့၏ သတ်ဖြတ်မှုခံထားရသည်။

Leave a Reply

Your email address will not be published. Required fields are marked *